🖤Part-22🖤

372 6 0
                                        

Uni ver
နောက်ဆုံးတော့ အိမ့်သူ တို့တွေပြင်ဦးလွင်ကိုရောက်ရှိလာကြပါပြီ

အိမ့်သူလည်း တစ်လမ်းလုံး မအိပ်ပဲ ဟိုကြည့်ဒီကြည့်ဖြင့် မြတ်လေးတို့အတွဲရဲ့ကားနောက်ခန်းကနေလိုက်ပါလာခဲ့သည်

အရှေ့ခန်းမှာ လက်လေးကိုင်ပြီး ကြည်နူးစွာ‌ကားမောင်းနေတဲ့အတွဲကိုကြည့်မိတော့လည်း ရင်ဘတ်ထဲမှာပြည့်နှက်နေတဲ့အလွမ်း‌တွေကို ပိုမိုတိုးလာခဲ့ရတယ်

အိမ့်သူတို့ hotelကိုရောက်လာခဲ့ပြီလေ ရောက်"ချင်းအိမ့်သူကတော့ single roomလေးထဲကို၀င်သွားခဲ့တာပေါ့ မြတ်တို့အတွဲရယ် ခန့်ညားရယ်ကတော့သူတို့အခန်းကိုယ်စီကို၀င်သွားကြတာပေါ့

အိမ့်သူလည်းအခန်းထဲရောက်"ချင်းစိတ်ကြည်လင်သွားအောင်boilerလေးဖွင့်ပြီးရေချိုးလိုက်တယ်

"အမယ်လေး အခုမှပဲလန်းသွားတော့တယ်
ကိုကိုလည်းအခုချိန်ဘာလုပ်နေမလဲမသိဘူးနော်"

အိမ့်သူတစ်ယောက်လည်းဖုန်း‌ လေးကိုတစ်ချက်ကြည့်ကာကိုကို့အကြောင်းတွေးရင်းပင် ခရီးပန်းလာတာကြောင့်အိပ်ပျော်သွားတယ်

ဘုန်းထက်မြတ်‌သော်တစ်ယောက်လုပ်ငန်းရှင်တွေနဲ့စကားပြောပြီးတဲ့နောက်မှာ လုပ်စရာရှိတဲ့စာရင်းတွေကို ကိုယ်တိုင်သေချာလုပ်ပြီး ဒီလုပ်ငန်းတွေထဲကနေရုန်းထွက်ဖို့ ကိစ္စတွေအားလုံးကို အချိန်ပေးကာ အပြတ်ဖြတ်နေရသည်။

............

ဒေါက်..ဒေါက်...ဒေါက်

တံခါးခေါက်သံကြောင့်အိမ့်သူတစ်ယောက်နိုးလာခဲ့တယ် ဖုန်းကိုကြည့်လိုက်တော့လည်း မြတ်လေးက‌ဖုန်းတွေခေါ်ထားတာကိုတွေ့လိုက်ရတယ်

အဲ့တာနဲ့ပဲ မြတ်ကိုဖုန်းပြန်ဆက်လိုက်တော့

"အိပ်ပုတ်မလေးရေ နိုးပြီဆိုလည်းတံခါးလေးလာဖွင့်ပါဦး အခန်းရှေ့မှာရပ်စောင့်နေတာကြာလှပြီ"

"အေးအေးလာပြီ"

မြတ်‌လေးကိုတံခါးသွားဖွင့်ပေးလိုက်ပြီး ကြည့်မိလိုက်တော့မှာ သူကအကျီတွေဘာတွေသေချာ၀တ်ပြီးနေပေါ့

He Changed For Love🖤 (ongoing)Where stories live. Discover now