🖤 (Part 11)

2.2K 53 0
                                        

Uni ver
"ခမ်းခမ်းလေးစာမေးပွဲဖြေရမယ်နော် နောက်အပတ်ကျရင် စာတွေကြည့်ထားနော်"

"ဟုတ်ကဲ့ပါတီချယ်ရယ် သားလည်းစာမေးပွဲတောက်လျှောက်ဖြေနေရတာပင်ပန်းနေပြီ"

"အမယ် စာမေးပွဲဖြေရတာကို‌ပင်ပန်းတယ်ရှိသေးတယ် ဒီကောင်လေးကတော့နော်"

"တီချယ်သားသားဒီတစ်ခါ စာမေးပွဲအမှတ်ပြည့်‌ဖြေနိုင်ရင် သားကိုဆုချမှာလား"

"သားကဘာလိုချင်တာတုန်း"

"တီချယ်ရယ်သားသားရယ် ‌အပြင်ထွက်ပြီးမုန့်စားကြမယ်လေ မေမေကသားကို စိတ်မချလို့အပြင်မသွားဘူး အဲ့တာတီချယ်နဲ့ဆိုသွားလို့ရလောက်မှပါ"

"အော် အဲ့သလိုကိုးး စာမေးပွဲသာအမှတ်ပြည့်အောင်ဖြေလိုက်ခမ်းခမ်း အဲ့ကိစ္စတီချယ်တာ၀န်ယူတယ်"

"ဟီးဟီးဟုတ်"

ဘုန်းထက်မြတ်သော်လည်း ပြုံးပြုံးရွှင်ရွှင်စကားပြောနေတဲ့ အိမ့်သူရဲ့မျက်နှာလေးကိုကြည့်ကာ
သူချစ်တဲ့အကြောင်းပြောပြလိုက်ရင် ဒီမျက်နှာလေးကိုမမြင်ရတော့မှာ စိုးရိမ်မိလာပြန်သည်

...............
ခမ်းခမ်းလေးကတော့သူ့အဖြေစာ‌ရွက်ကိုစစ်ပေးနေတဲ့အိမ့်သူကိုထိုင်စောင့်နေတာပေါ့

အိမ့်သူမျက်နှာအမူရာတစ်ချက်ပြောင်းတိုင်းတီချယ်ဘာဖြစ်လို့လဲဟင် ဆိုပြီးမေးနေရတာလည်းအမော

"ကဲကိုတော်ချော ကို့အဖြေစာရွက်ကိုသာကြည့်တော့"

အိမ့်သူရဲ့မျက်နှာကိုကြည့်ကာ စာရွက်လေးကိုလှန်ကြည့်ပြီး

"ရေးးးး"

"အ‌မယ်လေးလူတော်လေး"

ခမ်းခမ်းရဲ့ပျော်ရွှင်စွာအော်သံကြောင့်စာရင်းလုပ်နေတဲ့ ဘုန်းထက်မြတ်သော်လည်းအနားကိုရောက်လာကာ

"ဘာတွေပျော်နေတာတုန်းခမ်းခမ်းလေးရဲ့"

"ဟီးသားသားကတီချယ်နဲ့အပြင်သွားရတော့မှာ"

"အော် အပြင်သွားမှာလားအကိုလိုက်ပို့ပေးမယ်လေ"

"ရပါတယ်အိမ့်တို့ကဒီနေ့လည်းမသွားသေးဘူး"

He Changed For Love🖤 (ongoing)Where stories live. Discover now