Chapter 114
စာကြည့်ဆောင်တွင် ရှန်းလျိုရှန့်က စာအုပ်အနည်းငယ်ကို ကိုင်ထားသည်။ သူက ၎င်းတို့ကို လှန်လှောကြည့်နေချိန်တွင် သူ၏ ဘေးရှိလူမှာ ရံဖန်ရံခါ သူ့ကို လာလာ၍ ထိနေလေသည်။
"ဟေး...စုပိုင်ချယ့်က ချင်းလင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ...ခင်ဗျားတို့နှစ်ယောက် သူ့ကို သိတာ အံသြစရာမရှိတော့ပါဘူး..."
"အာ..ခင်ဗျားက ဘာလို့ သူ့ကို အနိုင်ကျင့်ချင်ရတာလဲ..."
"ဖူးး...ယဲ့ပင်းရန်က သူ့ကို ကြိုက်လို့ ခင်ဗျားက တကယ်ကြီး မနာလိုနေတာပဲ...ဟားဟား..."
ရှန်းလျိုရှန့်၏ ပါးစပ်က အနည်းငယ်တွန့်သွားပြီး ရှုရှင်းချန်၏ လှောင်ပြောင်မှုကို လာထိုင်၍ နားထောင်နေသော အရူးတစ်ယောက်နှယ် သူ ခံစားလိုက်ရသည်။
ရှုရှင်းချန်က ရှန်းလျိုရှန့်၏ အပုပ်အပွသတင်းများကို ဆက်လက်ပြောလာသည်။
"ခင်ဗျားက ယဲ့ပင်းရန်ကို ကြိုက်ပေမဲ့ သူကတော့ ခင်ဗျားကို မကြိုက်ဘူး..."သူက ရပ်တန့်မိသွား၍ ပဟေဠိဖြစ်သွားသည်။
"ဘာလို့လဲ..."ရှန်းလျိုရှန့်က မျက်လုံးများကို မှေးထားလိုက်သည်။
"လူတိုင်းက ငါ့ကို ကြိုက်ရအောင် ငါက ဝိညာဉ်ကျောက်တုံးမှ မဟုတ်တာ..."ရှုရှင်းချန် : "ဒါပေမဲ့ ကျွန်တော်ထင်တာ..."
ရှန်းလျိုရှန့်က မျက်ခုံးများကို ပွတ်သပ်၍ မျက်နှာလှည့်ကြည့်လာသည်။
"မင်း စုပိုင်ချယ့် အကြောင်းကို မသိချင်ဘူးလား...ဘာလို့ငါ့ရဲ့ မကောင်းတဲ့ဟာတွေကိုပဲ ကြည့်နေရတာတုန်း...ဆက်ဖတ်နေလေ..."ရှုရှင်းချန်၏အကြည့်များက စာအုပ်ပေါ်သို့ တစ်ဖန်ကျရောက်သွားပြီး ခဏအကြာတွင် မျက်မှောင်ကြုတ်လာသည်။
သူစဉ်းစားလေလေ တစ်စုံတစ်ခုမှားနေသည်ဟု ခံစားရလေလေ ဖြစ်နေသည်။ သူ့အမူအရာက တဖြည်းဖြည်းလေးနက်လာကာ စာအုပ်ကို ပိတ်၍ ရှန်းလျိုရှန့်၏ စာဖတ်နေခြင်းကို နှောင့်ယှက်လိုက်သည်။
သူက သံသယရှိနေသော မျက်လုံးများဖြင့် လေးလေးနက်နက်ပြောလာသည်။