Chapter 116
လွတ်မြောက်ရန်နည်းလမ်းမရှိသဖြင့် ဦးနှောက်သုံး၍သာ ရင်ဆိုင်ရပေမည်။
ရှန်းလျိုရှန့်က ခဏမျှရပ်တန့်လိုက်သည်။ ထို့နောက် လက်မြှောက်ကာ တိတ်တဆိတ် လှုပ်ရှား၍ မီးတောက်များကို ကောင်းကင်ပေါ်သို့ပစ်လွှတ်လိုက်သည်။ စိတ်ကြီးဝင်နေသော အစိမ်းရောင် နွယ်ပင်များက ချက်ချင်းပင် သူ့ဘေးပတ်လည်၌ ဖုံးအုပ်သွားသည်။ အချို့နွယ်များက လောင်ကျွမ်းလွန်းသဖြင့် တွန့်ကွေးကာ နောက်သို့ အမြန်ပြန်ရုတ်သွားကြသည်။
ရှန်းလျိုရှန့်၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုနှင့် ဖုံးလွှမ်းနေသည်။ သို့သော် ခဏအကြာတွင် သူမပျော်နိုင်တော့ချေ။ အရိုးပြိုင်းပြိုင်းဖြစ်နေသည့် နွယ်များက နောက်တွင်ကျန်ရစ်ခဲ့ကာ အဖြူရောင်အဖူးများနှင် နွယ်ရှည်များသာ ပြန်ထွက်လာကြောင်း သူတွေ့လိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နွယ်ပင်မှ ပန်းများပွင့်လာ၍ ပန်း၏အလည်တွင် မီးကျွမ်းနေသည့်အနံ့များပျံ့နှံ့လာသည်။ မှိန်ဖျော့သော မီးတောက်များက နွယ်ပင်အားလုံးဆီသို့ ပျံ့နှံ့သွားသည်။
မရေတွက်နိုင်သော မီးစွဲနေသည့် မြွေပုံစံနွယ်များက တိုက်ခိုက်လာသဖြင့်ရှန်းလျိုရှန့်က ကြက်သေသေသွားသည်။
နန်းတွင်းမှ တိယွင်ယွီက လင်းနေသည့်ပိတ်ကားထဲ၌ သတိရှိရှိရှောင်တိမ်းနေသော ပုံရိပ်လေးကို ကြည့်နေလျက် လက်ဖက်ရည်တစ်ငုံကို ဖြည်းနှေးစွာ သောက်လိုက်သည်။
ရှင်းလျန်က တိယွင်ယွီဘေးတွင်ရပ်နေသည်။
"သန္ဓေသားကိုးပါးက မြွေပုံစံခေါင်းကိုးလုံးရှိတဲ့ ရေခဲနဲ့မီးထုတ်နိုင်တဲ့ နတ်ဆိုးသားရဲတွေ...ခမည်းတော်က သူတို့ကို လေ့ကျင့်ဖို့ နွယ်ပင်တောအုပ်ကို သုံးချင်တာလား..."တိယွင်ယွီက အဖြေမပေးလာသော်ငြား မေးလာခဲ့သည်။
"တကယ်လို့ မင်းသာဆိုရင် ဘယ်လို လွတ်မြောက်အောင် လုပ်မလဲ..."ရှုရှင်းလျန်၏ မျက်ခုံးများအနည်းငယ်တွန့်သွားပြီးနောက် ခဏမျှ ရယ်မောလာသည်။
"သမီးတော်ရဲ့ ဝိညာဉ်စွမ်းအားက မလုံလောက်ဘူး...မီးနဲ့ရေခဲနည်းစနစ်ကလည်း အသုံးမဝင်ဘူး...သမီးတော်ဆို မလွတ်နိုင်လောက်ဘူး...ခမည်းတော် လာကယ်မှာကိုပဲ မှီခိုရမှာ...."