Chapter 118
"အဲဒါ မိုးရွာတာမဟုတ်ဘူး..."
ရှုရှင်းချန် နှုတ်ခမ်းစူလိုက်မိသည်။
"ခမည်းတော်က ကျိုးရွှမ်လန်ကို အဲဒီမှာ သင်ပေးနေတာ..."ရှန်းလျိုရှန့်၏ အမူအရာက တောင့်ခဲသွားသည်။ သူ သဘောပေါက်သွားချိန်တွင် မသေချာသော အမူအရာသို့ ပြောင်းလဲသွားသည်။ ခဏအကြာတွင် သူ မတ်တပ်ရပ်လိုက်ပြီးနောက် မြေပြင်ပေါ် တည်ငြိမ်စွာ ပြန်ထိုင်ချလိုက်သည်။
ဒါကြီးက...
သေတော့မယ်...အင်မော်တယ်တစ်ယောက်ရဲ့ တပည့်ကသေတော့မယ်...
သူ့မျက်နှာ ဖြူဖျော့လာသည်ကို တွေ့သောအခါ ရှုရှင်းချန်က လက်မြှောက်၍ ဝေ့ယမ်းပြလာသည်။
"ဘယ်နည်းစနစ်ကို ကျင့်ဖို့ ရွေးချင်လဲ...ဒါတွေအကုန်လုံး ခမည်းတော် တိတ်တဆိတ်သိမ်းဆည်း ထားတာတွေပဲ...အကုန်လုံးက အဖိုးတန်တာမို့လို့ သူများဆီမရောက်စေနဲ့..."ရှန်းလျိုရှန့်က အာရုံပြန်ရလာသောအခါ ကျပန်းတစ်ခု ကောက်ယူ၍ သူ၏လက်ဖဝါးကို စာလိပ်ပေါ်သို့ တင်လိုက်သည်။ အသိစိတ်ပင်လယ်တွင် စကားလုံးလေးလုံး ရုတ်တရက်ပေါ်လာသည်။
ကြယ်ရွှေ့ပြောင်းခြင်း...ရှန်းလျိုရှန့်က ခေါင်းမော့၍ ညကောင်းကင်ကို ကြည့်လိုက်သည်။
"ဒီလျှို့ဝှက်နည်းစနစ်က အခါသမယနဲ့ ကိုက်ညီတယ်လေ...မဟုတ်ဘူးလား..."
သူ နည်းစနစ်ရွေးချယ်သည့်နည်းကို ကြည့်၍ ရှုရှင်းချန်တစ်ယောက် ဆွံ့အသွားသည်။ ထို့နောက် မြေပြင်ပေါ်ရှိ အခြားစာလိပ်များဆီသို့ အကြည့်ရောက်ကာ တစ်ခုချင်းစီကြည့်နေလိုက်သည်။ နည်းလမ်းပေါင်းများစွာနှင့် ရွေးချယ်ပြိိိီးနောက်ဆုံးတွင် စွမ်းအားကြီးပုံရသော မန္တန်ကိုသာ ရွေးချယ်လိုက်သည်။ကောင်းကင်လှုပ်ခတ်ချိပ်စည်း...
ရှုရှင်းချန် : "ကျွန်တော့်မန္တန်က ပြီးသွားရင် ချိပ်စည်းတစ်ခုတည်းနဲ့ လောကကြီးရဲ့ အရောင်ကိုပါ ပြောင်းလဲနိုင်တယ်...."
ရှန်းလျိုရှန့် : "မန္တန်တွေက ကိတ်မုန့်အပေါ်မှာ အချိုလောင်းရုံပဲ...ကျင့်ကြံဆင့်သာ မမြင့်ရင် မန္တန်ရဲ့ အစွမ်းကလည်း မျှော်လင့်ထားသလို ဖြစ်မှာ မဟုတ်ဘူး..."