အပိုင်း ၃
"ဒေါက်..ဒေါက်.."
"မမေ! ဘေးအိမ်ကို မုန့်သွားပို့မယ်လေ ..အခန်းထဲ ပုန်းမနေနဲ့...ခေတ် မ စ တော့ဘူး ....တကယ်ပြောတာ..."
"တကယ်လား!"
"တကယ် ..ထွက်ခဲ့တော့ အခုချိန်ဆို မမေရဲ့ မမနေရီ ပြန်ရောက်နေလောက်ပြီး..."
"တွေ့လား စ နေပြန်ပြီးကို.. မလာဘူး ကိုယ့်ဟာကိုသွား.."
"တကယ် မ စတော့ဘူး... တကယ် ပြောတာ။ ခေတ်ပါးစပ်ကို ခေတ် ပိတ်ထားမယ်"
အဲ့ဒီတော့မှ အခန်းတံခါး ဖွင့်ပြီး ထွက်လာလေသည်။
"သွားမယ် ..လာ"
ထို့နောက် ခေတ်ကိုမကြည့်ဘဲ အရှေ့ကနေ ထွက်သွားလေသည်။ မမေကိုကြည့်ပြီး နောက်မှာ တော့ ခေတ်တစ်ယောက် ခိုးရီနေရသည်။အပျိုကြီး တွေများ တယ်လဲ ရှက်တတ်သကိုး။
.........
"နေရီ တူမကြီးခြံရှေ့မှာ မိန်းကလေးနှစ်ယောက်ရောက်နေတယ် ဟိုဘက်အိမ်ကတဲ့ အခုမှ အိမ်ပြောင်းလာတာမို့ လာနှုတ်ဆက်တာတဲ့."
"ဝင်ခိုင်းလိုက် ဦးကြီး.. အဲ့ဒီကလေးမတွေ နေရီ နဲ့သိတယ်"
"အေအေ အဲ့လိုဆို တံခါးသွားဖွင့်ပေးလိုက်အုန်းမယ်.."
"ဟုတ်ကဲ့ ဦးကြီး.."
အသက်ရှည်အုန်းမယ် ခနကဘဲ သူတို့အကြောင်းကို မေရီ့ဆီ ဖုန်းဆက်ပြီးတယ်။မေရီကတောင် အံ့ဩနေတယ် အဲ့ဒီကလေးက သူ့ကိုမှတ်မိနေလို့တဲ့။အဲ့ဒါကြောင့် ဒီတစ်ပတ် ပိတ်ရက် ပြန်လာမှာမို့ ညနေ လာကြိုပေးပါတဲ့။မေမေ ဖျားတုန်းကတော့ ပြန်မလာဘဲ အခုကြမှ ချက်ခြင်းကြီး ပြန်လာချင်နေပြန်တယ်။မေရီ တစ်ယောက်ကတော့လေ။တပည့်တွေ့ကို ချစ်ပုံကတော့ တကယ် မနိုင်ဘူး။
"လာလေ...ခေတ်နဲ့ မေ တို့လဲ ခနကဘဲ ပြန်ရောက်တာ"
"အနှောင့်အယှက်များဖြစ်သွားသလား အန်တီ..."
"မဖြစ်ပါဘူးကွာ ..လာ အထဲ ဝင်ကြရအောင် အထဲမှာ တို့မေမေ လည်း ရှိတယ်"
"ဟုတ်ကဲ့အန်တီ..."
အန်တီနေရီက အရှေ့ကဝင်သွားလေသည်။ခေတ် မမေကို သတိရပြီး လှည့်ကြည့်မိတော့ ခေါင်းကြီးငုံပြီး တစ်ယောက်ထဲ ရှက်နေလေသည်။ဒုက္ခပါဘဲ ဒီအပျိုကြီးကတော့။