အပိုင်း 12
ဒီနေ့ နေရီတို့အိမ်မှာ ဖေဖေအတွက် ရည်စူးပြီး ဆွမ်းကပ်သည်။အိမ်နီးနားချင်တွေနဲ့ မိတ်ဆွေတစ်ချို့ကို ဖိတ်ပြီး အကျဉ်းရုံးလေး လုပ်ဖြစ်သည်။
"ချစ်ချစ်... မေ ဘာကူလုပ်ပေးရအုန်းမလဲ..."
"ဘယ်လိုဖြစ်လို့ အဲ့လိုကြီး လိုက်ခေါ်နေတာတုန်း...ပြီးတော့ ဘာမှလည်း လုပ်စရာမရှိတော့ဘူး ဒီနားမှာ ငြိမ်ငြိမ်လေး လာထိုင်နေ..."
"အဲ့လိုခေါ်ချင်လို့ကို မဟုတ်ရင် ဘယ်လိုခေါ်ရမှာ...ရှေ့တစ်လုံးကို အဖျားဆွတ်ပြီး နေနေ လို့ခေါ်ရမလား မဟုတ်ရင် ရီရီလို့ ခေါ်ရမလား.... ချိုချိုလို့ခေါ်ရမလား...၊ချိုချို က ဗိုက်ဆာမှ ခေါ်လို့ ကောင်းတာ..."
ဖက်!
"ပေါက်ကရလေးဆယ်..."
"သဘော.. ပြောပြတာပါ လက်ကလဲ မြန်လိုက်တာ.."
"သဘောလည်း မပြောနဲ့.."
"မပြောတော့ဘူး ရှေ့တစ်လုံးအဖျားဆွတ်ခေါ်တာ မေ က တော်သေးတယ် ခေတ်ဆို သွားပြီး.."
"ဘယ်ကို သွားမှာလဲ...."
"ဒီလိုလေ မမမေရီကို အဖျားဆွတ်တော့ မေမေ ဖြစ်ပြီး ပေါ့..ဟား...ဟား......၊ မိန်းမ မရဘဲ အမေ တစ်ယောက် ထပ်ရတော့မယ်အဖြစ်..."
"မေ ကတော့လေ တကယ် ပေါက်ကရ......မေလေး ကြားသွားရင် ဒုက္ခရောက်နေမယ် တို့မကယ်နိုင်ဘူးနော် တို့လည်းမေလေးကို ကြောက်တယ်..."
"အမ်? ချစ်ချစ်လဲ ကိုယ့်ညီမကိုကြောက်တာလား.."
"ကြောက်တယ် သူက စိတ်ဆိုးရင် အဖွားကြီးလိုဘဲ..."
"ဟား..ဟား..ဟား.."
"ရှူး...တိုးတိုး..ရီ ကြားသွားအုန်းမယ်.."
"ဟုတ်..ဟုတ်...အဟိ."
"ဒါနဲ့ ခေတ်တစ်ယောက်လဲ မတွေ့ပါလား.."
"ခေတ် လား...ခေတ်ကို မေ အလုပ်ပေးထားတယ်..ခနနေလာလိမ့်မယ်.."
"အော်..အင်းအင်း.."
မနက်ထဲက မေအင်္လကာဆိုတဲ့ တစ်ယောက်က လာဝိုင်းကူနေပေမဲ့ ခေတ်ကို တော့ အခုထိ မေလေး မမြင်သေးပါ ၂ရက်လောက် မမြင်ရတော့လဲ သူ့မျက်နှာလေးကို တွေ့ချင်မိသား။ဒါကြောင့် မေလေး အဝင်ဝကို တစ်မျှော်မျှော် ဖြစ်နေရသည်။ချစ်တယ်လို့ပြောတာလဲ သူဘဲ တစ်ခါဘဲ ငြင်းရသေးတယ် မျက်စိရှေ့ကနေ ပျောက်သွားတာလဲသူဘဲ။ဘယ်လိုကလေးမှန်းမသိ။