အပိုင်း ၉
"ဟမ်!..ဘယ်သူ!!"
"ခေတ်သဒ္ဒါမောင်လို့!"
"အယ်! အဲ့လိုဆို နေလေးက သူ့ကို သွားကြမ်းရမှာလား.."
"ကြမ်းလို့မရဘူး နေလေးရဲ့..၊သူက လူလည်လုပ်ပြီး အဲ့ဒီစကားကို ပြောတာကြီး..."
"ဒုက္ခပါဘဲ! အခြေအနေက လိုက်မမှီတော့ဘူး....ကွယ်၊ မေလေး စန်းပွင့်တယ်လို့ဘဲ သဘောထားလိုက်ပေါ့ ...ဟိ..ဟိ.."
"ဘာရီတာလဲ သူများကို.."
"သဘောကျလို့လေ ကြိုက်တယ်လို့ လာပြောသမျှ အမျိုးသားတွေကို လက်ဝါးစာကျွေးပြီး ခပ်တည်တည်နေလာခဲ့ပြီးတော့ ခေတ်ဆိုတဲ့ ကောင်မလေးက ချစ်စကားပြောလိုက်တော့ ရှက်ပြီး ရင်ခုန်လာတယ်ပေါ့..ဟုတ်လား.."
"ဘယ်မှာ ရှက်ပြီးရင်ခုန်လို့လဲ.."
"နောက်ဆုံး တော့ ငါ့ညီမလေးတောင် ရင်ခုန်တက်တဲ့ အရွယ်ရောက်လာပြီးဘဲ..."
ဖတ်!
"နေလေးနော်..ပေါက်ကရ ဘာကို ရင်ခုန်တက်တဲ့ အရွယ်လဲ..."
"ရင်ခုန်တက်တာက အသက်အရွယ်နဲ့ မဆိုင်ဘူး မေလေးရဲ့ ဘယ်အချိန်ဖြစ်ဖြစ် နှလုံးသားက တောင်းဆိုလာရင် ရင်ခုန်ရတာဘဲ ချစ်ရတာဘဲ အဲ့ဒီတော့ ချုပ်တည်းမထားနဲ့ ချစ်ခြင်ရင် ချစ်ပြစ်လိုက် ကြားလား မမ အားပေးတယ်.."
"ဘာ မမလဲ...၃မိနစ်ဘဲ ကွာတာကို အမကြီး စတိုင်ဖမ်းနေတာ.."
"ဒါလဲ ကြီးတာဘဲလေ.."
"ဟုတ်ပါပြီး အမကြီးရယ်..ညီမလေး နားလည်ပါပြီး..."
"ပြီးရော အဲ့လိုဆို အလုပ်ပြန်သွားတော့မယ်..ချစ်သူတွေဖြစ်ရင်လဲ ဒီအမကို ပြောပါအုန်း.."
"တော်ပြီး..နေလေး၊သွားတော့ ..သွား ..."
"သွားပြီး..သွားပြီး ပြန်လာမှ ထပ်မေးမယ်..."
"အော်..ကယ်..နေလေး ကတော့လေ..."
မေလေးမှာ တိုင်ပင်စရာက သူဘဲရှိသလို့ အမြဲတမ်းလဲ တိုင်ပင်ဖြစ်သည်။အခုလည်း တိုင်ပင်မလို့ပါဆို သူကဘာ အားပေး အားမြှောက်ဖြစ်နေလေသည်။မေလေးကို ရည်းစားစကားလာပြောသမျှ မေလေးကလဲ ငြင်းသလို လက်ပါမိရင်လဲ နေလေးကဘဲ ဖြစ်သမျှကို လိုက်ရှင်းပေးလေ့ရှိသည်။မေလေးလုပ်သမျှကို အပြစ်မပြောတဲ့အပြင် အမြဲ ထောက်ပံ့ပေးလေ့ရှိသည်။အဲ့ဒီလို အားကိုးရတဲ့ နေလေးပင်။