အပိုင်း ၇
ဆရာမတို့ အိမ်ကပြန်လာပြီး နှစ်ရက်လောက်ထိ ခေတ်အပြင်မထွက်ဖြစ်ပါ။ခေတ်က ပေ့ တစ်ခုထောင်ထားပြီး ခေတ်ဆွဲတဲ့ ပုံလေးတွေကိုတင်လေ့ရှိသည်။ ကာစတန်မာတစ်ချို့က ခေတ်ဆွဲတာကို သဘောကျပြီး လိုင်းကနေဘဲ သူတို့ဆွဲစေချင်တဲ့ ပုံအပ်ပြီး ပိုက်ဆံချေကြသည်။ ခေတ်က ကြာချိန်ကို ပြောပြီး ဆွဲလို့ပြီးရင် တော့ ကားဂိတ်က နေ ကာစတန်မာတွေ ဆီကို ပို့ပေးရသည်။
အခုလည်း ကာစတန်မာတစ်ယောက် အပ်ထားတဲ့ အမျိုးသမီးပုံကို အသေးစိတ်ကအစ အာရုံစိုက်ပြီးဆွဲနေရသည်မို့ မမေကိုတောင် မ စ အား ပါ။မမေလည်းသိပါသည် ခေတ်အလုပ်လုပ်နေရင် အနားကိုမလာပါ။ခေတ်က ခေတ်အခန်းတစ်ခုမှာ ဆွဲ တာ ကြောင့်လည်း ပါသည်။ ဖုန်းနဲ့ သီချင်းလေးဖွင့် နားကျပ်တပ်ပြီး ပုံထဲကိုဘဲ အာရုံထည့်ထားမိသည်။
ဆွဲ့လို့ပြီးခါနီးပြီး နောက်ခံအရောင်ခြယ်ပြီးရင် လက်စသပ်လို့ရပြီး ဖြစ်သည်။ မနက်ဖြန်လောက်တော့ ကားဂိတ် တင်ပေးလို့ရလောက်သည်။
စုတ်တံ ကိုင်ထားတဲ့ လက်ပေါ်မှာ အာရုံစိုက်နေတုန်း
မွှေးရနံ့ တစ်ခုရလေသည်။အန်တီ နေရီဆီက ရနေကျ အနံ့ဘဲ...။ဆတ်ခနဲ လှည့်ကြည့်တော့ ခေတ်အနောက်မှာ ရပ်ပြီး ခေတ်ဆွဲထားတဲ့ ပုံကို ခါး နဲနဲကိုင်ပြီး လက်တစ်ဖက်ကလဲ ခါးကို မသိမသာထောက်ပြီး မျက်မှောင် လေး ကြုပ်ပြီး ရပ်ကြည့်နေလေသည်။
ခေတ်က နားကျပ်တပ်ပြီး ဆွဲနေတာမို့ အခန်းထဲ လူဝင်လာတာကို မသိလိုက်ပါ။နားက နားကျပ်ကို ဖြုတ်ပြီး...
"အန်တီနေရီ..ခေတ်ကို ပုံဆွဲ ခိုင်းမလို့လား ဟင်.."
ခေတ် မေးလိုက် တော့မှ ပန်းချီကို ကြည့်နေရာကနေ ခေတ်
မျက်နှာ ကို ကြည့်လာလေသည်။
"မင်း ပြောတော့ တို့ ကို မှတ်မိတယ်ဆို.. အခုတော့လဲ မမှတ်မိဘူးဘဲ.."
"ဟမ်! ဆရာမ လားဟင်!"
"ထားပါတော့ တို့ မေးစရာရှိလို့လာတာ....ဒါနဲ့ မင်း ဘယ်အချိန်ထိ တို့ကို ဆရာမ လို့ ခေါ်နေအုန်းမှာလဲ..."