အပိုင်း 13
"နေလေး သမီး....မေလေးရော ထမင်းမစားဘူးလား.."
"မနက်က စောစောထပြီး ချက်ပြုတ်ထားရတော့ဘအိပ်ငိုက်လို့တဲ့ ခနအိပ်နေတယ်မေမေ..."
"အော်....အင်းအင်း နိုးလာရင် ထမင်းစားအုန်းလို့ပြောလိုက်နော် သမီးကြီး.."
"ဟုတ်ကဲမေမေ နေလေးပြောလိုက်ပါ့မယ်..."
ငိုထားလိုဆိုပြီး မေမေ့ရှေ့မျက်နှာ မပြချင်လို့ မေလေးထမင်းမစားဘဲ အခန်းထဲ ဝင်လာလိုက်သည်။မဟုတ်ရင် မေမေက ဘာလို့ငိုလဲ မေးရင် မေလေးမဖြေတတ်ပါ။မေလေးက ငယ်ငယ်ကတည်းက အသည်မာတဲသူ တော်ရုံဆို မငိုတတ်ပေ အခုတော့ အဲ့ဒီကလေးမကြောင့် အသည်းမမာနိုင်တော့ဘူးထင်ပါတယ်။
မနက်ကအိပ်ရေးပျက်လို့လား ငိုထားလို့လား မပြောတတ်ပါ မေလေး အိပ်ပျော်သွားလေသည်။နိုးလာတော့ ညနေ၃နာရီပင်ထိုးနေလေပြီး။ဗိုက်လဲရှာနေပြီးမို့ အခန်းထဲက ထွက်လာလိုက်သည်။ထမင်းဝိုင်းမှာ မေလေးစားဖို့ နေလေးပြင်သွားပေးတယ်ထင်သည်။ပြီးတော့ စာလေးလဲ ကပ်ထားသေးသည်။
("မေလေး နိုးလာရင် ထမင်းစားလိုက်နော် မေမေက ကြီကြီးတို့ဆီ သွားလည်ချင်တယ်ဆိုလို့ နေလေးလိုက်ပို့နေတယ်..")
ဒါကြောင့်တိတ်ဆိတ်နေတာပေါ့။ဘယ်သူမှမရှိကြဘူးဘဲ။မေလေးလဲ ထမင်းစားလိုက်ပြီး ခြံထဲ လမ်းခနလျှောက်လိုက်သည် ပြီးရင်တော့ ရေချိုးရမည်။
မေလေးက နှင်းဆီချစ်သူ မို့ နှင်းဆီပင်တချို့ကို ခြံထဲမှာ စိုက်ထားသည်။ရေလေးလောင်ပေး ပေါင်လေးသင်ပေး လုပ်တော့ အပွင့်တွေလှနေလေသည်။
"အန်တီမေ...!"
"ဟင်! မင်းဘယ်လိုဝင်လာတာလဲ...."
"ခြံတံတိုင်းကနေ ကျော်တက်လာတာ.."
"ဘယ်လို!..."
"ခြံတံခါးက သောခေတ်ထားလို့လေ ပြီးတော့ အန်တီမေကို တွေ့ပေမဲ့ ပန်းတွေနားမှာ အေးချမ်းနေလိုအော်ခေါ်ရင် လန့်သွားမှာဆိုးလို့ ကျော်တက်လာလိုက်တာ.."
"ဘာလာလုပ်တာလဲ အခုပြန်...!"
"ဟင်! ဘာလို့လဲ ခေတ် ဘာလုပ်မိလို့လဲ..."