အပိုင်း ၈
"တို့က ဘာလို့ ဒုက္ခရောက်ရမှာလဲ.."
မျက်လုံးမဖွင့်ဘဲ ဆိုလာတဲ အန်တီမေပါလေ။
"ဟင်! အန်တီမေနိုးနေတာလား..."
"အင်း.....တို့က တို့အသားကို ထိလိုက်တာနဲ့ နိုးတယ်....."
"သွားပါပြီး.."
"ဘာက သွားတာလဲ..... နောက်ပြီး တို့က ဘာလို့ ဒုက္ခရောက်ရမှာလဲ..."
ခေတ်ရေ ဖြေပေတော့ မေးခွန်းတွေက ဆက်ကုန်ပြီးဟ။မထူးတော့ပါဘူးလေ မဖြေနိုင်ရင် လဲ အရစ်ခံရတော့မည်
"အဲ့တာက...အဲ့တာက...."
"အင်း.... ဆက်ပြော..."
ပြေလျော့နေတဲ့ ဆံပင်တွေကို ပြန်ပြင်စီးရင် ခေတ်စကားကို ထောက်လေသည်။ဝတ်ထားတဲ့ ဖက်ဖူးစိမ်းရောင် ရင်ဖုံးအိင်္ကျီက အထက်ကို အနည်းငယ်တက်သွားပြီး ခါးဖွေးဖွေးလေးကို မြင်ရလေသည်။
အင်း။ဒီအမျိုးသမီး နေရာတစ်ခါ လှနေတာတော့ မဟုတ်သေးပါဘူး။ဒါကြောင့် ခေတ်ဆိုတဲ့ ကျွန်မကလဲ ရေတိမ်တိမ်မှာ အနစ်ခံချင်နေတာ မမှား ဘူး မဟုတ်လား...။
"အဲ့ဒါက..ပြောလိုက်ရင် အန်တီမေ ခေတ်ကို စိတ်ဆိုးသွားမှာ..."
"တို့က ကလေးမဟုတ်ပါဘူး စိတ်ဆိုးရအောင်.."
"တကယ် စိတ်မဆိုးဘူးလား....အာမခံရင် ပြောပြမယ်...."
"အာမတောင်ခံရအုန်းမှာလား..မင်းက ဘာ မဟုတ်တာပြောမှာ မို့လဲ..."
"ဟုတ်တာဘဲ ပြောမှာ... စိတ်မဆိုးဘူး၊မရှောင်ပြေးဘူးလို့ ကတိပေးရင် ပြောပြမယ်..."
"ဟော့ နောက်တစ်ခု တိုးလာပြန်ပြီး...ကောင်းပြီလေ ပြောကြည့်..တို့ကတိပေးတယ်"
"ဟိုလေ... အန်တီမေ့မှာ ချစ်ရမယ့်လူရှိနေပြီးလား..."
"ဘာဆိုင်လို့လဲ အဲ့တာနဲ့..."
"ဆိုင်တယ်လေ အဲ့တာနဲ့လည်း..."
"မင်း ဟာက.. မသိရင် ရည်းစားစကားပြောမှာ ကျနေတာဘဲ..."
"အယ်! အန်တီမေ ဘယ်လို သိတာလဲ...."
"ဟမ်! ဘာကို ဘယ်လိုသိရမှာလဲ..."
![](https://img.wattpad.com/cover/374829003-288-k172004.jpg)