ကြာပန်းဆိုတဲ့အဓိပ္ပါယ်က သန်စင်ခြင်းနဲ့ အေးမြခြင်းတဲ့ အကိုလိုအေးမြတဲ့လူကို ကျွန်တော်ရဲ့ သန့်စင်တဲ့အချစ်တွေပေးအပ်ပါတယ်။
"အကို...သားက မိုးရေထဲဆင်းပြန်ပြီ"
"ဒီသားဖတွေဘယ်လိုဖြစ်နေတာလဲ အထဲဝင် ရေချိုး ထမင်းချက်နေတာကို.."
"ရဘူး အကိုလုပ်ပေးးး"
"မင်း ကလေးလည်းမဟုတ်ပဲနဲ့ သားကိုရေချိုးပေးပြီး မင်းပါချိုး"
"ဟုတ်..."
မိုးရေထဲမှာ ကလေးကိုလိုက်ထိန်းနေသည့်သူကိုကြည့်ရတာ ကျေနပ်မိသည်။ ပြုံးနေတဲ့ထိုအမျိုးသား.. ကလေးကို မနိုင်တနိုင်နဲ့ထိန်းနေတဲ့ အမျိုးသား...သူက ငါ့အပိုင်။
"အကို...ဟင်းကျက်ပြီလား ဗိုက်ဆာတယ်..သားလည်းဗိုက်ဆာနေပြီတဲ့ ပြောလိုက်သားသား"
"ပါးပါး သား ဗိုက်ဆာတယ်.."
ပြုံးလိုက်ကာ ကိုယ်ကို ချွဲနေသည့် ကလေးလေးကိုကောက်ချီလိုက်သည်။
"အဖေသားလေးက ဗိုက်ဆာပြီလား ဟင်းတွေကျက်ပြီနော်"
"အကို...ကျွန်တော်အရင်မေးတာလေ"
"မင်း ထမင်းခူးခဲ့ ငါဟင်းခပ်ထားပြီးပြီ"
အဲ့နောက် စားပွဲမှာထိုင်ပြီး ကိုယ်ကတော့သားကိုထမင်းခွံ့ရင် စကားပြောနေသည်။ ထိုလူကတော့ ထမင်းကိုငုံသာစားနေလေသည်။
"ဖြေးဖြေးစားပါ ဟုန်းဟွားရယ်"
"အကိုက သားပဲဂရုစိုက်နေတာကို.."
"မင်းကလည်း..."
"အကို ဒီချိန်ဆို အကိုကြောင့်သာမဟုတ်ရင် ကျွန်တော် တောင်းစားနေအုန်းမှာ.."
"ဟားဟား"
လွန်ခဲ့တဲ့၁၀နှစ်.......
"အာ....ဗိုက်ဆာလိုက်တာ ဘယ်မှာသွားခိုးရမှာလဲ"
မိုးအေးအေးနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ ကလေးတစ်ယောက်။ သူပုံက ဆုတ်ပျက်နေတဲ့ ဝတ်စားတွေနဲ့ ရှုပ်ပွနေတဲ့ဆံပင်တွေ။
"ဉီးလေး...အစာလေးနည်းနည်းလေးပါလား...ကျွန်တော်ဗိုက်ဆာလို့"
"ဖယ်စမ်း ငါလာမထိနဲ့ ရွံစရာကောင်းတဲ့ကောင်တွေ"
အားပြင်းပြင်းဖြင့်တွန်းဖယ်လိုက်သောကြောင့် အစကတည်းက အားနည်းနေတဲ့ ခန္ဓာကိုယ်ကြောင့်လွင့်ထွက်လေသည်။ သို့ပေမဲ့ အားနည်းနေသော ခန္ဓာကိုယ် ကိုလျစ်လျူရှုကာ အစာလိုက်တောင်းနေသည်။
"အကို...အကို ကျွန်တော်ကိုမုန့်လေးနည်းနည်းပေးပါလား ကျွန်တော်ဗိုက်ဆာလို့ပါ.."
"ရော့...."
"အာ.....ကျေးဇူးပါဗျာ့"
သူအသံက အေးမြနေတယ်။ သူပုံစံကလည်းအေးချမ်းနေသည်။ အင်္ကျီကို တံတောင်ဆစ်ထိခေါက်ဝတ်သောသူ။ ကျွန်တော်ဆီမုန့်လှမ်းတဲ့သူလက်ကနေ သေချာမှတ်ထားမိလိုက်တဲ့အမှတ်သားမှာ သူ့လက်မောင်းက ကြာပန်းတက်တူးလေး။
"ကလေး ကိုယ်မင်းကို ယွမ်500နဲ့ ကြာပန်းတစ်ပွင့်
ပေးမယ် နောင် ၁၀နှစ်ကြာရင် ကိုယ့်ကို ကြာပန်း
တစ်ပွင့်ပြန်ပေး ဘယ်လိုလဲ"""ဟုတ် ကျွန်တော်ကတိပေးတယ် အကိုကို ကြာ
ကန်ပါဆောက်ပေးမယ်""ဟုတ်ပါပြီ မင်းအေးနေတာလား"
"မအေးပါဘူး ကျွန်တော်တို့ဘဝကဒီလိုပဲရိုးနေပြီ ဟီးဟီး"
"အင်း......"
သူမျက်နှာညိုးသွားပြီ။ သိသာတယ်။
"အေးတယ် တကယ်တော့...."
"ဩ ခဏလေးနော်.."
သူအိတ်ထဲက အနီလေး မာဖလာတစ်ခုကိုထုတ်ပြီး ကျွန်တော်ပတ်ပေးပြီးပြုံးနေသည်။ ထိုအခိုက်အတန့်အတွင်း ကျွန်တော်မှာ အိမ်မက်တွေ...ရှိ လာ ခဲ့ ပြီ။
"အကို ကိုရအောင်ယူမယ်"
ထိုစကားကိုတော့ ထွက်သွားသည့် အကိုကတော့ကြားမည်မထင်။