ဆိုင်ဖွင့်ဖို့ပြင်ဆင်နေပေမဲ့ လူက အသင့်မဖြစ်ပေ။ ဘာလို့လဲဆို ဒီနှစ်ယောက်က အသေရှုပ်ချင်းကြောင့်ဖြစ်သည်။ သို့ပေမဲ့လည်း ပြင်ဆင်နေသည်။ "OPEN" ဆိုတဲ့ ကတ်ပြားလေးကို တံခါးမှာ ချိတ်ဆွဲလိုက်သည်နှင့်တပြိုင်နက် ပြေးဝင်လာတဲ့ ကလေးယောက်။
"ကိုကို ဒီနေ့နောက်ကျတယ်နော် လဲ့လဲ့က ဗိုကဆာနေတာ"
"လဲ့လဲ့ sorryပါဗျာ မအားသေးလို့ အခုမှဖွင့်တာပါဗျာ"
ဘာလဲဟ ဒီကလေးက။ ချွန်းကောကိုလည်းကိုကိုတဲ့။ မျက်စောင်းထိုးကြည့်တော့ ဆူပုတ်ပုတ်နဲ့ပြန်ကြည့်လာတယ်။ အချိုးကိုက မြင်ကပ်ချင်စရာ။
"အား"
ဆက်ခနဲ့လှည့်လာသည့် ချွန်းကော။
"ဘာဖြစ်တာလဲ"
"ဒီသောက်ကလေး ကျွန်တော်ကိုကိုက်တာ"
"အာ..လဲ့လဲ့ ကိုကိုတောင်းပန်လိုက် အဲ့လိုမလုပ်ရဘူးလေနော်"
"တောင်းပန်ပါတယ်"
"လိမ်မာတယ်"
"ဟီးဟီး"
ချွန်းကောကတော့ သူကိစ္စသူပြန်လုပ်နေသည်။ ကျွန်တော်လည်း သန့်ရှင်းရေးကူလုပ်ပေးပြီး ဟိုလောရှည်ကောင်ကတော့ ကိတ်မုန့်ကူဖုတ်ပေးနေသည်။ သောက်ကလေးအားလှည့်တော့ အယ်ဗျာ စောနကသူမဟုတ်သလို ထိုင်နေတယ်ဗျာ။
"လဲ့လဲ့"
"ဟုတ်..."
"ဒီမှာ ကိတ် ဒီနေ့ပိုထည့်ပေးတယ်နော် မားမားရောနေကောင်းပြီလား နေမကောင်းသေးရင် ကိုယ်ပိုက်ဆံထည့်ပေးလိုက်မယ် မားမားအတွက်"
"ကျေးဇူးတင်ပါတယ်ရှင့် မားမားကနေကောင်းပြီ ပိုက်ဆံမလိုပါဘူး ကိုကိုထည့်ပေးတဲ့ကိတ်မုန့်တွေနဲ့တင် ဗိုက်ပြည့်တယ်"
"ok"
ကလေးအရွယ်နဲ့မလိုက်အောင်ရင့်ကျက်သည်ဟုထင်ရသည်။ တခြားကလေးတွေဆို ဘာပေးပေးလက်ခံကြတယ်လေ။ ကလေးကိုဆိုင်မှထွက်သွားသည့်အချိန်မှမြင်ကွင်းထဲကနေပျောက်သွားတဲ့ထိကိုယ်တို့အားလုံးကြည့်နေမိသည်။
"ချွန်းကော"
"အင်း ပြော"
အသံက အေးမြတယ် သြရှရှဆိုပေမဲ့ ချိုမြိန်နေတယ်။
"ဟို သန့်ရှင်းလုပ်ပြီးပြီ ဘာလုပ်ပေးရအုန်းမလဲ"
"ရပါပြီ ဒီလောက်နဲ့ကို ရနေပြီ တော်ကြာခိုင်းစားသလိုဖြစ်နေမယ်"
ရယ်တယ် မဟုတ်ဘူး ပြုံးတာ အဲ့ပါးချိုင့်လေးခွပ်ဝင်သွားတဲ့ထိကိုပြုံးနေတာ။
"ဟုတ် အဲ့ဆို အိမ်ထဲဝင်တော့မယ်နော်"
"Ok"
ဆိုင်က အိမ်နဲ့တွဲရက်ဖြစ်တာကြောင့် အဆင်ပြေသည်။ အိမ်ထဲအရောက်ဆိုဖာပေါ်လဲချကာ စိုက်ထားသည့် ကြာကန်အသေးစားလေးကိုကြည့်နေရင်း။
"နွေးထွေးတယ် အေးမြတယ် နူးညံ့တယ် ဟာကွာ!! ငါတော့ရူးတော့မှာပဲ"