မနက်ခင်းတို့ရဲ့ ထုံးစံတိုင်း နေရောင်ထွက်လာသည်နှင့်တပြိုင်နက် ငှက်သံများနှင့် ဘုရားကျောင်းမှ ဘုရားစာရွတ်သံများကြားနေရသည်။ ခါတိုင်းဆို မနက်တိုင်း တရားထိုင်လေ့ရှိသည့်် တစုံတယောက်ကတော့ အိပ်ပျော်နေတုန်းသာဖြစ်သည်။
"ဟင်း....ဘယ်နှစ်နာရီရှိပြီလဲ"
နာရီကြည့်တော့ ၈နာရီထိုးနေပြီ။ ဒါက သူအတွက်နောက်ကျနေတဲ့အချိန်ဖြစ်သည်။ သူတခါမှ ဒီလောက်ထိမအိပ်ဖူးဘူးလေ။
"ကော.."
"ဘာလဲ!"
လူက စိတ်လောနေတာကြောင့် လေသံမာမာဖြင့်ထူးလိုက်မိသည်။ ထိုအရာကို သတိထားမိတော့ ဟုန်းဟွားလေးက လန့်ပြီး ကြောင်အန်းအန်းဖြစ်နေလေ၏။
"အာ..အင်း ပြောလေ"
"အကုန် အဆင်သင့်ဖြစ်ပြီ...."
"Ok ok"
စိတ်ကိုလျော့ကာ ထလိုက်တော့ ရှင်းလင်းတောက်ပြောင်နေတဲ့ အခန်းနဲ့ မွှေးကြိုင်နေတဲ့မနက်ခင်းက ကြိုဆိုနေသည်။ ထိုကြောင့် စိတ်တော့ပြန်ကြည်လာမိသည်။
"မနက်စာ...စားကြတော့လား ကော"
"အင်း..စားမယ် စားမယ်"
တဖက်တွင်...
" ကလေးတစ်ယောက်တောင်မခေါ်လာနိုင်ဘူးလား!!!"
"တောင်းပန်ပါတယ် boss အဲ့နေ့က သူအိမ်တစ်အိမ်ထဲပြေးဝင်သွားပဲ အဲ့မှာ တခြားလူရောရှိနေလို့ပါ"
"တော်! အခုပြန်သွားခေါ်လာခဲ့ တားတဲ့ရှိရင် အဲ့တားတဲ့လူကိုပါသတ်ပစ်လိုက်"
"ဟုတ်ကဲ့ boss"
ထိုလူတစ်အုပ်က ခေါင်းဆောင်ဟု ထင်မှတ်ရသည့် လူကြီးကိုဉီးညွှတ်ကာ အပြင်ကိုထွက်လာကြသည်။ သူတို့ဘယ်သူဘယ်ဝါဆိုမသိသလို သူတို့ခေါ်မည့်ကလေးဆိုသည်မှာ ဟုန်းဟွားဟု သေချာနေလေသည်။
"ကော..ကျွန်တော် ဒီကိတ်မုန့်စားလို့ရလား"
"ဝေ့ အဲ့ဒါ ရောင်းဖို့"
"ဟားဟား ကောကလည်းစတာကို"
"မင်းကတော့"
"စားလိုက်ပြီ"
"ဟေး..."
"ဟား..ဟား မစားဘူး မစားဘူး"
"ဟွန့်"
ဒီနေ့လည်ခင်းက တိတ်ဆိတ်နေပေမဲ့ ကိတ်မုန့်ဆိုင်လေး တစ်ခုကတော့ ရယ်မောသံတွေနဲ့ ပြည့်နှက်နေလေတယ် ထိုအချိန် ဆိုင်ထဲကိုဝင်ရောက်လာတဲ့ လူသုံးဉီး။
"ကြိုဆိုပါတယ်..."
ဟုန်းဟွားနဲ့ချွန်းရှန့် နှစ်ယောက်စလုံး တူညီစွာ ကြိုဆိုလိုက်ကြသည်။
"Kaiza"
ထိုအမည်နမကြောင့် ဟုန်းဟွား တစ်ချက်လန့်သွားသည်။ ချွန်းရှန့်ကတော့ ကြောင်သာကြည့်နေမိသည်။
"ကိုယ်တို့ဘာမှဖြစ်ချင်ဘူး Kaiza ပြန်လိုက်ခဲ့ပါ..."
"ဟင် ခင်ဗျားတို့ဘာတွေပြောနေလဲ ကျွန်တော်နားမလည်ဘူး ကျွန်တော် အန်းဟုန်းဟွား ဒီမှာ အလုပ်လုပ်နေတာပါ..."
"ဟုတ်ပြီ မင်း အဲ့လောက်ဟန်ဆောင်ကောင်းနေမှတော့......."
ဒိုင်း!
သေနတ်ပစ်သံတချက်ထွက်လာသည်။ ထိုနောက်ခန္ဓာကိုယ်လေးတစ်ခုကလည်မြေပြင်ပေါ်လဲ လှဲကျသည့်တပြိုင်နက် အနားရှိ ကြာပန်းအိုးလေးကလည်း ကျကွဲသွားလေသည်။
ခွမ်း....!
"ကော!!!!"
တုန်ရယ်နေတဲ့ခန္ဓာကိုယ်လေးကိုဖက်ထားကာငိုနေတဲ့ထိုကောင်လေး။
"ငါ...ငါထွက်ပြေးလာခဲ့တာကို ဘယ်လိုရှာတွေ့...ဘယ်လိုလုပ်....."
"ဒီထပ်မဆိုးချင်ရင် လိုက်ခဲ့ ကိုယ်တို့နဲ့"
တုန်ရယ်နေကာ သေနတ်မှန်ထားတဲ့ ချစ်ရသူကိုဖက်ထားရင်း....။
"လိုက်ခဲ့မယ် ဒါပေမဲ့ သူကို ဒုက္ခထပ်မပေးနဲ့ ကတိပေး"
"အင်း ကတိပေးတယ်"
သတိလစ်မေ့မျောနေတဲ့ ခန္ဓာကိုယ်လေးကို ချကာမျက်ရည်များ အမှတ်တရများစွာနဲ့ ထိုဆိုင်ထဲမှ ထွက်လာခဲ့လေသည်။
"စောင့်နေပေးပါ ကျွန်တော်ကိုစောင့်နေပေးပါကော ကျွန်တော်ပြန်လာခဲ့မယ်"
ထွက်သွားသည့်လူမှာ အသက်ရှုကြပ်၍
ကျန်ခဲ့သည့်လူမှာ အသက်ရှုပ်ရပ်လေသည်။....."ချွန်းရှန့်လေး ကိုယ်လာ....ချွန်းအာ!!"
ပိုင်ယွီရောက်လာတော့ မြင်လိုက်ရတဲ့မြင်ကွင်းက လူကိုထိတ်လန့်စေသည့်မြင်ကွင်းဖြစ်လေသည်။ သို့ပေမဲ့ ဘာမှမတွေးနိုင်ပဲ ထိုကောင်လေးကိုပွေ့ချီကာ ဆေးရုံဆီသို့ဉီးတည်မောင်းနှင်ရလေသည်။
"အားတင်းထားပါ ချွန်းအာ...ငါမင်းကို မရရအောင်ကယ်မှာမို့လို့"