ရေဆော့ပြီး ကမ်းစပ်ဘေးမှာထိုင်ကာ နေဝင်ဆည်းဆာကိုငေးမောနေကြတဲ့ ကောင်ငယ်လေးနှစ်ယောက်။
"ချွန်းကော.."
"ပင်လယ်ကိုသဘောကျလား"
"အင်း သဘောကျတာထပ်ပိုတယ်"
"ဩ ဘာလို့လဲ"
"ဒီနေရာက ငါ့မိဘတွေနဲ့ပထမဆုံးသွားတဲ့နေရာမို့လို့"
"ဪ........"
ဟုန်းဟွား နားလည်သွားသည့်လေသံဖြင့် အသံရှည်တစ်ခုထွက်လာသည်။
"မင်းရော ပင်လယ်ကြိုက်လား"
"ကြိုက်ပါတယ် အေးချမ်းလို့"
"အေးပါကွာ"
ဒီစကားကို ပြောသည်မှာ ချွန်းကောအထင်မှာ ပင်လယ်ကိုပြောတယ်ဟုထင်မှတ်နိုင်သည်။ ဒါပေမဲ့ ကျွန်တော်ပြောသည့်သဘောမှာ ချွန်းကောကို ရည်ရွယ်ပြီးပြောချင်းသာဖြစ်သည်။ အမှန်ပဲလေ ကောက ပင်လယ်လိုပဲ အေးချမ်းတယ် ကောအပြုံးတွေက ရေလှိုင်းလိုပဲ ရိုက်ခက်လာပြီး လူက ပင်လယ်ထဲကို နစ်ပါသွားစေတယ် ကောကိုမြင်တိုင်း....ပင်လယ်ထဲကို နစ်မြုတ်သွားသလိုပဲ။
"ကဲ ပြန်ကြစို့ နေလည်းဝင်နေပြီ မှောင်လည်းမှောင်နေပြီ"
"ဟု..ဟုတ်"
လက်ရှည်တွေဝတ်ကာ ဝယ်သောက်ထားလို့ ကျန်နေသေးတဲ့ ဖျော်ရည်ကိုသောက်ပြီး အရှေ့ကနေထွက်သွားတော့ သူနောက်ကျော ကျွန်တော်ငေးကြည့်နေမိတယ်
"လာလေ..မြန်မြန်"
လှည့်လာကာ လက်ကမ်းနေသည့်ပုံမှာ အမှောင်ထုထဲသို့ အလင်းဝင်ရောက်လာသည်ဟု ထင်မိသည်အမှန်ပင်။
"ဟုတ် လာပြီ"
သူလက်လှမ်းကိုင်ကာ အတူတူပြေးသွားတဲ့အခြေနေက ကျွန်တော်ကို ပြုံးစေတယ်
"ဝတ်စားလဲလိုက်အုန်း"
"ဟုတ် ချွန်းကော ညစာဘာစားကြမလဲ"
"ပုစွန်ချက် စားမယ်"
ရေစိုလာသည့် ဝတ်စားများလဲကာ ထမင်းစားခန်းထဲဝင်တော့ အကုန်အဆင်သင့်ရှိနေပြီဗျာ။
"ဩ အချိန်ကိုက်ပဲ ထိုင်လေ"
"ဟု..ဟုတ်"
"ထမင်းစားပြီး ဆေးသောက်လိုက်နော်"
"ဟုတ်ပါပြီ"
ပူပူနွေးနွေးချက်ထားတဲ့ ထမင်း ဟင်းတွေက အကြည့်နဲ့ဗိုက်ပြည့်လောက်သည်။ ခုံထိုင်လိုက်ပြီး ပလုတ်ပလောင်းထိုင်စားနေလိုက်သည်။
"ဖြည်းဖြည်းစားပါ နောက်က ဘယ်ကျားမှမလိုက်ဘူး"
"ဟီးဟီး စားကောင်းတယ်"
ဖြူစင်တဲ့ကလေးတစ်ယောက်အပြုံး။ နွေးထွေးမှုလည်းရှိနေတယ် ဒီအပြုံးမှာ။ ထိုအချိန် ရုတ်တရက်ရွာချက်လာသည့်မိုးကြောင့် ပြတင်းပေါက်တွေလိုက်ပိတ်နေသော တစ်စုံတစ်ယောက်။ ဒါပေမဲ့ အဲ့တစ်ယောက်က ချွန်းရှန့်မဟုတ်ပဲ ဟုန်းဟွား။
"အာ...ငါပိတ်လိုက်ပါ့မယ် မင်း.."
"ရတယ် ချွန်းကော စားနှင့် ကျွန်တော်လုပ်လိုက်မယ်"
"ဩ ok"
ထမင်းစားပြီးနောက် ရေဆော့ထားသည့်အရှိန်ကြောင့် ဆေးသောက်ထားရသည်။ ထိုနောက် စာအုပ်ထိုင်ဖတ်နေကြကြောင့် အိမ်လေးက ခဏတော့ တိတ်ဆိတ်နေလေသည်။
"ချွန်း....ကော.. အိပ်ပျော်သွားတာလား"
ဖတ်နေတဲ့စာအုပ်ကို ဘေးချကာ အိပ်ပျော်နေတဲ့ချွန်းရှန့်အနားသွားပြီး လျှောကျနေတဲ့ စောင်လေးကိုအသာခြုံပေးလိုက်သည်။ ချွန်းရှန့်ဖတ်နေတဲ့စာအုပ်ကို ကိုင်ကြည့်တော့ ရောက်နေတဲ့စာမျက်နှာရဲ့အပိုင်းမှာ ရေးထားတာက....။
"နှစ်ပေါင်းများစွာကုန်လွန်ပြီးချိန်မှာအချိန်က အရာရာကို ပြောင်းစေလဲခဲ့ပြီ
လာချိန်တန်ရင် သူအလိုလိုရောက်လာပါလိမ့်မယ်
သွားချိန်တန်ရင်လည်း နောက်ဆုံးမှာ ကျိန်းသေထွက်ခွာသွားရမှာပါပဲ"ဟုန်းဟွားတစ်ယောက်တစ် ထိုစာသားကိုဖတ်ပြီး ဝမ်းနည်းမိသည်။ ချွန်းရှန့်ဟာ အမြဲပြုံးရွင်နေပေမဲ့ သူရင်ထဲက နာကျင်မှုကို ဘယ်သူမြင်နိုင်မှာလဲပေါ့။ ဟုန်းဟွား ချွန်းရှန့််ကိုကြည့်နေကာ နဖူးကို ညင်သာစွာဖိနမ်းလိုက်သည်။ တစ်စုံတစ်ခုကိုသူရေရွတ်နေသည်။
"ချွန်းကော ခင်ဗျားက တကယ်ကို အေးချမ်းတာပဲ"