ထမင်းစားသောက်ပြီးနောက် ထိုကလေးအတွက် အခန်းပေးရမယ်ဟုတွေးမိသွားသည်။ သို့သော် ကိုယ့်အိမ်တွင် အိမ်ခန်းတခန်းသာထားထားသည်ကို သတိရသွားသည်။
"ငါအခုမှ သတိရတယ် အိမ်မှာ အခန်းတခန်းပဲရှိတာ"
"ရပါတယ် ကျွန်တော် ဧည့်ခန်းထဲအိပ်လိုက်မယ်"
ဟုန်းဟွားသည် ချွန်းရှန့်အိမ်တွင်နေကိုနေမည်ဟုဆုံးဖြတ်ထားပုံပေါ်သည်။ ဆိုဖာတွေမရှိတောင် ကြမ်းပြင်ပေါ်တွင်အိပ်မည်ဆိုသည့်အထာဖြင့်သာ။
"ဟုတ်ပြီလေ ငါမင်းကို စောင်တွေ ခေါင်းအုန်းတွေထုတ်ပေးမယ် ခဏစောင့်"
"ဟုတ်"
ချွန်းရှန့်အခန်းထဲဝင်သွားသည်နှင့်တပြိုင်နက် ဟုန်းဟွားတစ်ယောက် ထကာ မီးဖိုချောင်ထဲဝင်ပြီး အိုးခွက်ပန်းကန်တွေကိုဆေးနေလေသည်။
"ကောင်လေး..."
"ဗျာ..."
"ဒီခဏလာပါအုန်း"
"ဟုတ်...."
ဟုန်းဟွာတစ်ယောက် ဆေးနေသည့်ပန်းကန်များကိုချကာ ချွန်းရှန့်၏အခန်းသို့ ပြေးသွားလေသည်။
"ခေါင်းအုန်းလေးယူခဲ့ပေးပါလား စောင်သယ်ထားတာ မနိုင်တော့လို့"
"ဟုတ်..ဟုတ်ကဲ့"
ခေါင်းအုန်းကိုသယ်လိုက်သည်နှင့်တပြိုင်နက် အနံ့သင်းသင်းလေးတစ်ခု။ ထိုနောက်စကားတစ်ခုကိုရေရွတ်မိသွားသည်။
"မွှေးလိုက်တာ အကိုရဲ့ကိုယ်သင်းအနံ့လေးက"
"ဟင်..."
"အာ..ဘာမှမဟုတ်ပါဘူးဗျာ့"
"အင်း..."
အနည်းငယ်ထိတ်သွားပေမဲ့ အကိုမကြားဘူးထင်ပါတယ်။
"ဒီမှာချ"
"ဟုတ်.."
"ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်လဲ"
"အန်းဟုန်းဟွား"
"လှလိုက်တဲ့နာမည်လေး"
ကျွန်တော်နည်းနည်းတော့ ပြုံးလိုက်မိသည်။ ကိုယ်နာမည်ကို လှသည်ဟု ပြောသူက အကိုပထမဆုံးပါ။
"အကိုနာမည်ကရော"
"ငါက ကုချွန်းရှန့်"
"ချွန်းရှန့်ကော...."
"မင်း အဲ့လိုခေါ်တာကြိုက်ရင်ခေါ်လေ"
"အကိုရော ကျွန်တော်ကိုဘယ်လိုခေါ်မှာလဲ"
"ရှောင်ဟွား"
"အာ..အကိုကလည်း"
အကိုကတော့ ပြုံးသာပြုံးနေလေသည်။ လှတယ် အကိုအပြုံးက
"ကဲ.....ဆိုင်ကပိတ်ရတော့မယ်ထင်တယ် မိုးသည်းနေပြီ"
"ဟုတ်တယ် မိုးက စောနကထပ်ပိုသည်းနေပြီ"
"အဲ့ဆို ငါတို့ ရုပ်ရှင်ပဲကြည့်ကြစို့"
"အကိုသဘောပါ"
ဗီရိုထဲကမုန့်တွေနဲ့ ရေခဲသေတ္တာထဲက အအေးဘူးတွေကို ထုတ်လာသည့်အကို။
"အကို..မိုးရွာနေတာကို အအေးသောက်မလို့လား"
"အင်း ငါက အေးရင်တောင် ဖျော်ရည်အေးအေးသောက်ရတာကြိုက်တယ် ကော်ဖီပူပူလေးပဲသောက်"
"ဟုတ်ပါပြီဗျာ အကိုသဘော"
အကိုထပ်ပြုံးသည်။ ဒီတခေါက်အပြုံးမှာ ပါးချိုင့်များပါပေါ်နေသည်။ နောက်ပြီး အကိုက ကျွန်တော်အားစောင်ခြုံလိုက်လေသည်။ အကိုနဲ့ ကျွန်တော် အရမ်းနီးနေပြီ ရင်ခုန်သံတွေကလည်းထိန်းမရ။ စိတ်ထဲတွင်......
*ရင်တွေခုန်လွန်းလို့ပေါက်ကွဲတော့မယ် အကိုရဲ့*