"ကြာပန်းတွေကိုမြင်တိုင်း ကောကိုသတိရတယ်"
တိတ်ဆိတ်နေတဲ့ကားတစ်စီး ကောင်လေးနှစ်ယောက် မေးစရာတွေပြည့်နေမှာ အမှန်ပင်။ သို့ပေမဲ့လည်း နှစ်ယောက်စလုံး ဘာမှမပြောပဲ ပိုတိတ်ဆိတ်နေလေသည်။
"မင်း.."
"ကော..."
အသံထွက်လာပေမဲ့လည်း ပြိုင်တူအသံဖြစ်နေကြောင့် ခဏတော့ ကြောင်သွားသည်။
"ကောအရင်ပြော မဟုတ်လည်း ကောသိချင်နေတာတွေရှိမှာပေါ့"
"အင်း...မင်းဒီတလော ဘာတွေလုပ်ပြီး ဘယ်လိုတွေနေနေတာလဲ ထမင်းရောကောင်းကောင်းစားရဲ့လား မင်းကြည့်ရတာပိန်သွားသလိုပဲ"
ဟုန်းဟွား တခဏနတိတ်ဆိတ်သွားသည်။ သူကိုသေစေနိုင်တဲ့လူကိုစိတ်ပူပေးနေတာ ငါက သူကိုသေချာသေစေနိုင်မဲ့ အဆိပ်ရှိတဲ့လူ။
"ဟိုရောက်ရင်ကိုယ်ရှင်းပြမယ် ကောသိချင်တာတွေကို"
"အင်း.."
ပြန်တိတ်ဆိတ်သွားတဲ့ကားလေး။ မကြာခင်မှာပဲပင်လယ်နဲ့နီးတဲ့စံအိမ်ကိုရောက်လာကြလေသည်။အံသြနေသောသူမှာ ကုချွမ်းရှန့်။
"ကော...သွားမယ်လေ"
ထိုကလေး..အဲ့ ထိုကောင်လေးကလို့သုံးရမည် ဘာကြောင့်ဆို သူက အရင်ကလို ကလေးလေးမဟုတ်တော့ဘူး ကိုယ့်ထပ်လည်းထွားနေပြီ အင်း...အမ်.....။ သူလက်လှမ်းလာတော့ အလိုလျောက် ထိုလက်ကိုကိုင်လိုက်မိသည်။ အိမ်ထဲကိုဝင်လိုက်တာနဲ့ လျှောက်လမ်းရဲ့ဘေးနှစ်ဖက်မှာ ကြာပန်းတွေ အများကြီးရှိနေသည်။ တော်တော်အံသြမိသည်။ ဒီလောက်အများကြိီး...။
"မင်း..ဒါတွေက....."
"ဟုတ်တယ်"
မေးမဲ့မေးခွန်းကိုသူက ကြိုသိနေပုံရသည်။ ဟူး.... သက်ပြင်းတချက်မှာပဲ....။
"ဒီမှာ..ကြာကန်"
"ဩ..လှတယ်"
ကြာကန်အနားမှာရပ်ကာတွေးနေမိသည်။ ဒီလိုကြာကန်အကြီးက ကိုယ့်ရဲ့အိမ်မက်။ ဒီကြာကန်ရဲ့အလှမှာ ကိုယ်ဆွံအနေခဲ့မိသည်။ ဟုန်းဟွားဒီအတောအတွင်းဘာတွေလုပ်ခဲ့ပြီး ဒိီလိုမျိုးဖြစ်နေတာလဲဆို သိချင်မိတာလည်းအမှန်ပဲ။