အပိုင်း (၂)

123 11 2
                                    

"မိုးကတော်တော်ရွာနေတာပဲ ဟူး....ပစ္စည်းတောင်သိပ်မစုံလိုက်ဘူး ဝယ်ရတာ.."

မိုးအနည်းစိုသွားသည့် အင်္ကျီကိုကြည့်ကာ စိတ်ဓာတ်ပါကျသွားမိသည်။

"ဒီလက်ရှည်လေးက Favပါဆို ထားလိုက်ပါတော့ ပြင်ဆင်ရမယ် ဆိုင်အတွက်"

အသက်ပြင်းအသာချလိုက်ပြီး လက်ရှည်အပါးလေးကိုချွတ်လိုက်သည်။ ကုချွမ်းရှန့်သည် ကိတ်မုန့်ဆိုင်လေးတစ်ခုကိုဖွင့်ထားသောကြောင့် ဆိုင်ဖွင့်ရန် အလောတကြီးဖြစ်နေလေသည်

"အားရှန့် ပြန်ရောက်ပြီလား"

"ဟုတ် အန်တီ အခုပဲပြန်ရောက်တာ..."

"အေးအေး"

"ဟုတ်.."

ထွက်သွားသည့် အန်တီကိုကြည့်ကာ သက်ပြင်းထပ်ချမိသည်။ တံခါးရှေ့တွင်ရပ်ကာ ညီးညူနေသည့်လူက်ို တခြားသူတွေက ထူးဆန်းသောအကြည့်များဖြင့်ကြည့်နေပါသော်လည်း သစ်ပင်နောက်က ကောင်လေးက ပြုံးနေရှာသည်။

"သော့...ငါ့သော့ရော ဟဲ့ ငါ့သော့ရော...ပျောက်ပြီလားမသိဘူး"

"အကို..ဒီမှာ အကို့သော့...."

နောက်ကြည့်လိုက်သောအခါ ရှုပ်ပွနေသည့်သူ့ဆံပင်တွေကြောင့် လန့်သွားမိသည်။

"အားးး အမလေး ကလေးရယ်...လန့်လိုက်တာ"

"အကိုသော့ ဟိုနားမှာပြုတ်ကျနေခဲ့တာ အဲ့ဒါလာပေးတာ..."

"ဩ ကျေးဇူးပါကွာ...ဒါနဲ့ မင်းငါ့နောက်ကိုလိုက်နေတာလား"

"အင်း.."

"ဟမ်"

တချက်မှမစဉ်းစားပဲဖြေလိုက်သည့် သူစကာကြောင့် ကိုယ်တချက်ကြောင်သွားသည်။

"အကိုက ကြာပန်းတွေကြိုက်တာလား"

အိမ်ရှေ့က ကန်သေးသေးလေးဖြင့် စိုက်ပျိုးထားသည့်ကြာကန်နဲ့ ထိုဘေးတွေစိုက်ထားသည့် ပန်းပင်တွေကိုကြည့်ကာပြောနေသည်။

အိမ်ရှေ့က ကန်သေးသေးလေးဖြင့် စိုက်ပျိုးထားသည့်ကြာကန်နဲ့ ထိုဘေးတွေစိုက်ထားသည့် ပန်းပင်တွေကိုကြည့်ကာပြောနေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"အမ်...ဪ..ငါက ပန်းတွေအကုန်ကြိုက်တာပါ ဒါနဲ့ မင်းသွားစရာမရှိဘူးလား"

"ကျွန်တော်က ငယ်ငယ်လေးကတည်းက မိဘကပစ်သွားတာ နေစရာလည်းမရှိဘူး သွားစရာလည်းမရှိဘူး အစားစာဆိုလည်း ခိုးယူနေရတာ.."

ကိုယ်သူကိုသနားမိသွားသည်။ ထိုနောက် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ ထိုအရာမှာ...

"မင်း ငါနဲ့နေချင်လား"

"နေလို့ရလား"

"ရတာပေါ့"

"ဟုတ် ကျေးဇူးပါဗျာ့"

ထိုအရာသည် ဟုန်းဟွား၏ အကြံသာဖြစ်ပြီး သူသည် မိဘမဲ့ဂေဟာမှ ခဏခဏထွက်ပြေးဖို့ကြိုးစားသောကြောင့် လွတ်ထားခြင်းဖြစ်သည်။

"ဝင် ဝင်"

"ကျွန်တော်ကရေစိုနေတာလေ"

"အမလေး ဘာမှမဖြစ်ပါဘူး ဝင်ပါ မင်းအတွက်ဝတ်စားတွေ အစားသောက်တွေပြင်ပေးမယ်"

အိမ်ထဲကိုပြေးဝင်ပြီး ရေချိုးခန်းက ဘယ်မှာလဲမေးနေသည့် ကောင်လေးက အရမ်းဖြူစင်လွန်းသည်။

"အကို ကျွန်တော်ဝတ်စားလဲပြီးပြီ"

"လာ..လာ အကုန် စားလို့အဆင်သင့်ဖြစ်ပြီ"

"ဟုတ်...."

ထမင်းစားခန်းထဲပြေးသွားပြီးကြည့်လိုက်သောအခါ တခါမှမမြင်ဖူးသည့် ဟင်းပေါင်းစုံက ​ကြိုဆိုနေသည်။

"ဝါးးး အများကြီးပဲ"

"လာ ထိုင်"

"ဟုတ်"

ဟင်းတွေကိုငေးကာ ခုံတွေဝင်ထိုင်သည့်ကောင်လေးကို သူပြုံးပြီးသာကြည့်နေလေသည်။

"ဒါတွေက အကိုချက်ထားတာလား"

"အင်း ဟုတ်တယ်"

"စားလို့ရပါတယ်နော်"

"ဟေ..ငါဆိပ်ခတ်ထည့်ထားတယ်ထင်နေတာလား"

"ဟုတ်ပါဘူး အဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး တကယ်လို့အဆိပ်ထည့်ထားတောင်စားမှာ"

"ဟားဟား မင်းနဲ့တော့..."

"ဟီးဟီး တကယ်ပြောတာပါဆို"

"အေးပါကွာ စားစား"

"ဟုတ်"

ခါတိုင်းဆိုတိတ်ဆိတ်နေသည့် ကုချွန်းရှန့်ရဲ့အိမ်လေးက အခုတော့ ရယ်သံတွေနဲ့နွေးထွေးနေလေသည်။

A man with a white lotus tattoo Where stories live. Discover now