ရုပ်ရှင်ကြည့်ပြီး အိမ်နောက်ဖေးတွေအသံများဆူညံနေသည်။
"မင်းက ဘာမို့လို့ အကိုနားကပ်ရဲတာလဲ"
"မြောင်! မြောင်!"
ဟုတ်ပါတယ် ဟုန်ဟွားတစ်ယောက် ကြောင်တစ်ကောင်နဲ့ ရန်ဖြစ်နေခြင်းဖြစ်သည်။
"မင်းအဲ့စောက်အသံနဲ့ အကိုကိုမြူဆွယ်တာပေါ့ ဟဟပဲရမယ် ဟျောင့်ရ!!"
"မြောင်!!"
"အာ့!!"
ကြောင်အနားကပ်ကာ အော်ဟစ်နေသည့်ဟုန်းဟွားအား ကြောင်မှ မျက်နှာကိုကုတ်လိုက်သောကြောင့် အော်မိသွားသည်။ ထိုအချိန် ချွန်းရှန့်ရောက်လာသည်။
"ဝေ့ ဘာဖြစ်နေကြတာလဲ"
"ချွန်းရှန့်ကော သူ ကျွန်တော်ကို ကုတ်တာ"
"အယ် ရှောင်ပိုင်က လူကို အလကားမကုတ်တတ်ပါဘူး ဘယ်နားကုတ်တာလဲ"
သွေးအနည်းငယ်ထွက်နေသည့် ပါးက ကုတ်ရာကြောင့် အနည်းငယ်တော့ ထိတ်သွားမိသည်။
"ဆေးထည့်ပေးမယ် လာ လာ"
"ဟုတ်"
ပြာယာပြာယာဖြင့်ဝင်သွားသည့် အကို။ ကျွန်တော်ကတော့ ကြောင်ကိုပြောင်ပြကာ အထဲကိုပြန်ဝင်လာခဲ့သည်။
"ကြောင်ကိုဘာတွေသွားစတာလဲ"
"မစပါဘူး သူဟာသူလာကုတ်တာ ကျွန်တော်ဟာကျွန်တော် ဖျော်ရည်ထိုင်သောက်နေတာကို"
"ရှောင်ပိုင်က လူကို အလကားကိုက်တတ်တဲ့ကြောင်မဟုတ်ဘူး"
"ချွန်းရှန့်ကော ကြောင်ကိုကာကွယ်ပြီးပြောနေတာပေါ့ အဲ့ဆို ကျွန်တော်ကို ဘာလို့ခေါ်ထားသေးလဲ အဲ့ကြောင်နဲ့ပဲနေလိုက်"
"အာ....မဟုတ်ဘူးလေ"
သူကြောင်တွေမချစ်ရတဲ့အကြောင်းရင်းမှာ ကိုယ်ချစ်တဲ့လူက တခြားအရာပေါ် အာရုံစိုက်ပေးလွန်းတာကိုပင်။
အိမ်ပြင်ဘက်ထွက်သွားသည့် ဟုန်းဟွားကို သူမတားနိုင်ပေ။
"ဒီကောင်လေးတော့ကွာ"
ညီးညူနေမိသည်။ ကိုယ်တိုင်လည်းပြောဆိုရာတွင် ညံ့ဖျင်းသောလူဖြစ်သောကြောင့် စကားကိုကောင်းကောင်းမပြောတတ်ပေ။ အချိန်တွေကုန်လာသည်နဲ့အမျှ ကောင်လေးမှာ မပြန်သေး။
ညနေစောင်းအချိန်မှသာ ကျွန်တော်ပြန်ရောက်ပြီဟုသော အသံကြောင့် အိပ်ခန်းထဲမှ ပြေးထွက်ပြီး စိတ်ပူသောအကြည့်များဖြင့်သာကြည့်နေမိသည်။
"မင်း ဘယ်တွေသွားနေတာလဲ ဟမ်"
"ဪ မုန့်နည်းနည်းသွားမယ် ချွန်းရှန့်ကော မုန့်ကြိုက်တယ်မှတ်လား"
"ဟင်း.......မင်းနဲ့တော့လေ"
အခုမှ သက်ပြင်းချနိုင်တော့သည်။ အပူတွေကို ရေနဲ့လောင်းလိုက်သလိုမျိုး.....။
"ချွန်းရှန့်ကော တောင်းပန်ပါတယ်"
တောင်းပန်ပါတယ်ဆိုသည့်အသံနဲ့အတူ လှမ်းဖက်ထားတဲ့လက်တွေ နွေးတယ်...လုံခြုံတယ်..။
"ရပါတယ် ငါလွန်သွားခဲ့တာပဲ မင်းတောင်းပန်စရာမလိုပါဘူး"
"အဲ့ဆို ညစာဘာလဲ ချွန်းကော"
ကိုယ်ကို နာမည်အမျိုးမျိုးခေါ်နေသည့် ထိုကောင်ကလေးကတော့ ပြုံးပြုံးလေးနဲ့သာ။ တွေးလိုက်မိပြီ။
*မား...ဒါမားပြောတဲ့ နွေးထွေးများလား*