"မင်းတော်တော်ဗိုက်ဆာနေပုံပဲ"
ထမင်းလေးပွဲကုန်ပြီ ကိုယ်တောင် ထမင်းတစ်ပွဲမနည်းစားနေရသည်။
"ဟုတ်တယ် ကျွန်တော်ဗိုက်ဆာနေတာ ဒီလိုမစားရတာ တပတ်ရှိပြီ"
"ဩ....."
သူမျက်နှာညိုးသွားပြီ။ အကိုက ဝမ်းနည်းတာမျိုး အားနာတာမျိုးဆို ရုပ်ကလေးကသိသာတယ်။
"ဒါပေမဲ့ ကျွန်တော်သန်မာတော့ ဒီလောက်အေးဆေးပဲ စားပြီးပြီ ပန်းကန် ကျွန်တော်ဆေးလိုက်မယ်"
"ရ..ရပါတယ် ငါဆေးလိုက်မယ်"
"ချွန်းကောက ဟင်းထမင်းချက်ထားတယ်လေ အဲ့တော့ ကျွန်တော်က ပန်းကန်ဆေးပေးပါ့မယ်"
"အာ...ဟုတ်ပါပြီ"
သူရဲ့နောက်ကျောကိုကြည့်နေလိုက်သည်။ တစ်ယောက်တည်းနေသားကျနေတဲ့ ကိုယ့်အတွက် ဒီမြင်ကွင်းကစိမ်းနေသည်။
ပန်းကန်တွေကိုဆေးကြောပြီးနောက် သက်ပြင်းတချက်ချမိလိုက်သည်။
"ချွန်းကော ကျွန်တော်ကိုကြည့်နေတာ ဘာပြောမလို့လဲဟင်"
"ဟင်...ဪ ဟို မင်းဆိုဖာပေါ်အိပ်လို့အဆင်မပြေရင် ငါအခန်းလာအိပ်လိုက်လို့ ငါဆိုဖာပေါ်အိပ်လိုက်မယ်"
"ရပါတယ် ကျွန်တော်က ဆိုဖာပေါ်မပြောနဲ့ ကြမ်းပြင်ပေါ်အိပ်ရတောင်ရပါတယ်"
"မင်းကတော့နောက်ပြီ"
"ဟား...ဟား"
ထိုချိန်က မိုးရာသီဆိုပေမဲ့ အိမ်လေးတစ်အိမ်ကတော့ ရယ်သံတွေနဲ့ နွေးထွေးနေလေသည်။
"အာ...သွားပါပြီ ဘာလို့ငါပဲရှုံးနေတာလဲ"
"ကျွန်တော်က ကံကောင်းတာကို"
အန်စာတုံးလှိမ့်ဂိမ်း ဆော့နေကြခြင်းဖြစ်သည်။ ငါးပွဲဆက်တိုက် ကုချွန်းရှန့်တစ်ယောက် ရှုံးနေသောကြောင့် မျက်ခုံးလှုပ်နေပြီ။
"ငါတစ်ပွဲလေးတော့နိုင်ချင်တယ်လို့"
"ရပါဘူး ကျွန်တော်ပဲနိုင်မှာ"
"ဟားဟား ဟုတ်ပါပြီ အခုအိပ်ကြစို့"
"ဟုတ်"
ချွန်းရှန့်တစ်ယောက်အိမ်တံခါးတွေကိုလိုက်စစ်ဆေးနေသည်။ တံခါးတွေကိုလည်းသေချာလိုက်ပိတ်နေသည်။
"ချွန်းကော"
"အင်း ပြောလေ"
"တံခါးတွေကိုဘာလို့ လိုက်စစ်နေတာလဲ"
"အာ...အဲ့ဒါက ငါအရင်က တစ်ယောက်တည်းနေတာလေ အဲ့ဒါကြောင့်"
"ဪ ဟုတ်ကဲ့ပါဗျာ ဒါနဲ့ ကောင်းသောညပါ"
ဆိုဖာပေါ်တက်ကာ စောင်ခြုံပြီး အိပ်နေတဲ့ကလေးငယ်ကို ကြည့်ကာ။
"အင်း ကောင်းသောညပါ"
ဒီနေ့ က ပထမဆုံးအိမ်ပေါ်ကို သူစိမ်းတစ်ယောက်ခေါ်လာမိတဲ့နေ့။ ဒီနေ့ က အိမ်မှာ နွေးထွေးမှုကိုခံစားမိလိုက်တဲ့နေ့။ ဒီနေ့က လူငယ်နှစ်ယောက်ရဲ့ချစ်ခြင်းတွေမွေးဖွားလာတဲ့နေ့။