အပိုင်း (၁၄)

30 1 0
                                    

ဆေးရုံရဲ့အခန်းတစ်ခန်းထဲတွင် ဝမ်းနည်းနေတဲ့ကောင်လေးတစ်ယောက်နဲ့ ကုတင်ပေါ်လှဲပြီးငြိမ်နေတဲ့ကောင်လေးတစ်ယောက်။

"အဲ့ကောင်ကို ငါသတ်ပစ်မှာ အဲ့ကောင်ဖမ်းပြီးသတ်ပစ်မှာ"

"မင်းဘာတွေရေရွတ်နေတာလဲ"

"အာ...မင်းနိုးလာပြီလား"

"အင်း ဟုန်းဟွားရော"

"မသိဘူး ငါလာတော့ မင်းက ကြမ်းပြင်ပေါ်မှာ သွေးတွေနဲ့လဲနေတာ"

"အင်း"

"သောက်ခွေးကိုအင်း ငါမင်းကိုပြောခဲ့တယ်လေ အဲ့သောက်ကလေးကိုမယုံပါနဲ့ဆို သူနဲ့ဆက်မပတ်သတ်နဲ့တော့"

"ok"

"လူဆိုးကောင်!"

"အင်း ဟုတ်တယ် ငါကလူဆိုးကောင်"

"မုန်းတယ် မင်းကို"

"အင်း အင်း"

ဒဏ်ရာကြောင့် လူက အားနည်းနေပြီးလှုပ်ပါ မလှုပ်နိုင်ပေ။ ပိုင်ယွီစကားတွေကိုလည်းပြန်မတုံပြန်နိုင်ပဲထောက်ခံနေမိသည်။ ထို့နောက် ဆရာဝန်နဲ့တိုင်ပင်ကာ ဆေးရုံဆင်းလာကြသည်။ ပိုင်ယွီကတော့ စိတ်မချတာနဲ့ သူအိမ်လိုက်နေဟုပြောတာကြောင့် ငြင်းမရသည့်အဆုံး လက်ခံရလိုက်သည်။

"ဒါပစ္စည်းအကုန်ပဲလား"

"အင်း.."

"အဲ့ဆို ငါတို့သွားကြစို့"

"Ok"

ကားထဲကို ပစ္စည်းတွေထည့်နေချိန် တနေရာမှ တစ်ယောက်ယောက်က စိုက်ကြည့်နေသည်ကိုခံစားမိလိုက်တာကြောင့် လှည့်ကြည့်မိလိုက်သည်။ သို့သော်...

"ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ဘူး"

"အဲ့ဆို ကားပေါ်တက်တော့"

"အင်း.."

၁၀ နှစ်ကြာပြီးနောက် ကိုယ်ဒဏ်ရာကလည်းသက်သာနေပြီ။ ဒါပေမဲ့ ထိုကလေးကတော့ ကိုယ်စိတ်ထဲမှာနေရာယူနေတုန်းပဲ။ အဲ့ကလေးကိုဘယ်ကိုမှရှာမတွေ့တော့ဘူး နောက်ပြီး အဲ့နေ့က ဖြစ်ရပ်ကြောင့် အိမ်ကိုလည်းမပြန်ဖြစ်တော့ဘူး။ ပိုင်ယွီရဲ့အကူညီနဲ့ ဆိုင်လေးတော့ဖွင့်ထားတုန်းပဲ။

"လန်ပိုင်ယွီ"

"yes bae.."

"မင်းနော် ငါကို အဲ့လိုခေါ်နေတာရပ်"

"No ခေါ်မှာပဲ ဟားဟားး ဒါနဲ့ ငါအလုပ်ကိစ္စလေးရှိလို့သွားလိုက်အုန်း"

"ဟုတ်ပြီလေ ငါ luch boxကို မင်းအတွင်းရေးမူးဆီပေးထားတယ်"

"အသဲက ချစ်စရာလေး မင်းလက်ရာစားပြီး ငါနေတိုင်းဗိုက်ပြည့်နေပြီ ဟားဟားး"

"သွားတော့ ဟိတ်ကောင်"

" ok bye! baby"

တွဲနေတဲ့အ​ခြေနေမဟုတ်ပေမဲ့ သူဒီလိုတွေခေါ်လွန်းလို့ ပတ်ဝန်းကျင်က ကိုယ်တို့နှစ်ယောက်ကို အကြင်လင်တွေဟုထင်မှတ်နေကြသည်။

ကလင်~~ ကလင်~~~
(A/N:ဆိုင်မှာ လူဝင်လာရင် မြည်တဲ့ bellနော်)

"ကြိုဆိုပါတယ် ဘာများအလိုရှိသလဲ"

"မင်းက ကုချွန်းရှန့်လား"

"ဟုတ်ပါတယ် ကျွန်တော်က ကုချွန်းရှန့်ပါ"

"ဖမ်း! သူကို"

"ဟမ်!!"

လန့်ပြီးကြောင်နေသည့်ကိုယ့်အား ဖမ်းချုပ်လိုက်ကြသည်။ ဘာတွေဖြစ်နေတာလဲ။ ထိုလူသုံးယောက်ကရော ​ဘယ်သူတွေလဲ။

"မင်းတို့ဘာလုပ်တာလဲ လွတ်စမ်း!! ငါကိုလွတ်!!"

"သူကိုဖမ်းရင် ဟိုကောင်ကိုလွယ်လွယ်နဲ့သတ်နိုင်မယ်ထင်တယ်"

"အေး"

သူတို့ဘာတွေပြောနေလဲမသိပေမဲ့ ကိုယ်ကတော့  ရုန်းကန်နေတာကြောင့် ပစ္စည်းတချို့ပြုတ်ကျ ကွဲကြေ ကုန်သည်။

"ခွမ်း!!!"

ကိုယ့်ရဲ့ ကြာပန်းအိုးသည် စားပွဲပေါ်မှ ကျကွဲသ
ည့်အသံ။

"ငါ့ကိုလွတ်ကြစမ်း!!!!!"

ကိုယ်ရဲ့ဒေါသဖြင့်အော်လိုက်သည့်အသံကို သူတို့
ရှိန်သွားကြသည်။ ထို့နောက်......

"ကော"

"ဧည့်သည်အခုပြန်ပါအုန်း အခြေနေမကောင်း
သေးလို့ ပိတ်ထားပါတယ်"

ဝင်လာသူကို သတိမထားမိ။နောက်ကျမှ ထိုလူက အနားမှာရှိသည့် ကိုယ့်နားတွင်ရပ်နေ
သည့် လူမိုက်များအား သူ့ရဲ့သေနတ်များဖြင့်
ပစ်လိုက်လေသည်။ ထို ရုတ်တရက်ဆန်သည့်
အဖြစ်ကြောင့် တုန်ကာငြိမ်နေသည့် ကိုယ့်အား
ပုခုံးပေါ်ထမ်းပွေ့သွားသည်။

"Long time no see my dear..."

"မင်း..."

"ကောအတွက် စိုက်ပေးထားတဲ့ကြာပန်းကန်ကိုသွားကြည့်ရအောင်.."

"ဟင်..."

"ကြာပန်းတွေမြင်တိုင်း ကောကိုသတိရတယ်"

A man with a white lotus tattoo Where stories live. Discover now