မနက်ခင်းတစ်ခုတွင် ဌက်သံများနှင့် အနီးနားက ဘုရားကျောင်းက ဘုရားစာရွတ်နေသံများသာယာနေသည်။ ထိုအခြေနေကို မကြည်နေသူတစ်ဉီးလည်းရှိသည်။ ထိုလူကတော့...
"အားးးး မနက်၆နာရီကြီးကို!!! သူများမှာ မနေ့ညကတော်တော်အိပ်ယူရပါတယ်ဆို ဆူညံ့နေတာပဲ"
ထိုလူမှာ ဆူနေပါသော်လည်း တစုံသောတယောက်ကတော့ တရားထိုင်နေလေသည်။
"ချွန်းကော.....ကောကော ချွန်းကော!!!"
ဆိုဖာပေါ်ကထကာ ချွန်းကောကို တအိမ်လုံးလိုက်ရှာနေသည်။ ပြတင်းပေါက်များ တံခါးများဖွင့်ပုံရ ချွန်းကော နိုးနှင့်နေပြီ။ ထိုကြောင့် အပြင်ကိုထွက်လာသည်။ ရှာနေရင်း အိမ်နောက်ဖေး ပန်းခြံဘက်ရောက်လာပြီ တွေ့လိုက်ရသည့်မြင်ကွင်းက အေးမြနေသည်။ ထိုပန်းပင်တွေကြား ချယ်ရီပန်းပင်အောက်မှာ တရားထိုင်နေသည့် ချွန်းကောက ပိုအေးမြသည်။
"ချွန်းကော..."
"အင်း ပြောလေ"
မျက်စိတ်ကိုအသာဖွင့်ကာ ကိုယ်ကိုကြည့်နေသည်မို့ အနည်းငယ်ရင်ခုန်သွားသည်။
"ကောင်းသောမနက်ခင်းပါ"
"ဟား..ကောင်းသောမနက်ခင်းပါ မနက်စာဘာစားချင်လဲ"
"ဘာပဲဖြစ်ဖြစ်ရတယ်"
"အင်း.."
မနက်စာကို ထမင်းကြော်လုပ်ပေးနေသည့် ချွန်းကောကို သူကြည့်မဝဖြစ်နေလေသည်။
"မင်းငါ့ကိုကြည့်နေတာ ငါအပေါက်ဖြစ်တော့မယ်"
"အာ..ကောနောက်စေ့မှာ မျက်စိပါတာလား"
"ဟားဟား ခံစားမိတာပါကွာ ဒါနဲ့ မနက်စားပြီးရင် မင်းအတွက် ဝတ်စားသွားကြရအောင်"
"ဟင်...အာ...ဟုတ် ကောသဘောပါ"
အစကကြောင်သွားပေမဲ့ သူအိမ်ပေါ်ရောက်လာတာ ဘာဝတ်စားအပိုမှ မပါလာသည်ကို သတိရသူပုံထောက်သည်။ မနက်စာစားပြီး ဈေးဘက်လျှောက်လာကြပြီး လိုတာတွေဝယ်နေကြရင်း ရယ်ရယ်မောမောဖြင့်သာ။ ထိုချိန်....
"ချွန်းရှန့်"
"ဟင်.."
ကောအား ခေါ်လိုက်သည့် အသံတစ်ခုကြောင့် ကောနှင့်အတူ ကျွန်တော်ပါလှည့်ကြည့်မိလိုက်သည်။
"ဩ..လန်ပိုင်ယွီ မင်း... ပိုင်ယွီမှတ်လား"
ဘယ်ကကောင်လဲကွဆိုသည့်အကြည့်ဖြင့် ဒေါသထွက်နေသည့်ဟုန်းဟွား
"အေးလေ မင်းနဲ့ ကျောင်းအတူတူတက်ခဲ့တဲ့ လန်ပိုင်ယွီ ဒါနဲဲ့ဒီကောင်လေးက မင်းအကူလား"
ကောကို ဆွဲဖက်ပြီး ပြောနေရင် ကိုယ့်အား အကူလားဆိုတဲ့အမေးကြောင့် ဒေါသက နှစ်ဆပိုထွက်သည်။
"ခင်ဗျားကဘာလဲ ဘယ်သူကိုအကူလို့လာပြောနေတာလဲ!!!"
"အယ်....ဟုန်းဟွား"
ကိုယ့်အား ဂုတ်ကနေကာ ထိန်းနေသည့်ချွန်းကောကြောင့် ခဏငြိမ်သွားသည်။
"စွာလိုက်တာ ကလေးတွေများ ရိုင်းချက် ချွန်းရှန့် မင်းသူကို အိမ်ပေါ်ခေါ်ထားတာလား"
"အင်း ဟုတ်တယ် ကလေးကို သနားလို့"
"မင်းစိတ်ထားကတော့ ဖြူစင်တာပဲ အရောင်တောင်ဆိုးပစ်ချင်တယ်"
"မင်းနော်"
သူတို့ကတော့ စနောက်ပြီးပြောနေကြပေမဲ့ ဟုန်းဟွားတစ်ယောက်ကတော့ မျက်ခုံးလှုပ်နေသည်။
"မင်း ကိတ်မုန့်ဆိုင်ဖွင့်ထားတာဆို ငါကားနဲ့လိုက်ခဲ့ ငါလည်းမင်းလက်ရာမစားရတာကြာပြီ"
"မရဘူး!"
"ဟင်..ငါကသူငယ်ချင်းလက်ရာစားချင်တယ်ဆို မင်းနဲ့ဘာဆိုင်လို့လဲ စောက်ကလေးရဲ့"
"အဟမ်း! တောင်းပန်းပါတယ်ကွာ ကလေးဆိုတော့ မင်းသိတယ်မှတ်လား"
"အင်းပါ ပေး အထုတ်တွေ ငါကားထဲထည့်လိုက်မယ်"
"ရော့!"
သူကိုင်ထားသည့်အထုတ်တွေ ထိုးပေးကာ ဆောင့်အောင့်ပြီး ကားထဲသွားထိုင်နေလိုက်သည်။ သူထိုင်လိုက်သည့်နေရာမှာ မောင်းသူရဲ့ဘေးဘက်ခုံဖြစ်သောကြောင့် ဒီတခေါက်ဒေါသထွက်သူမှာ လန်ပိုင်ယွီဖြစ်သွားသည်။
"မင်းက ဘာလို့ဒီမှာထိုင်နေတာလဲ"
"ကျုပ်ထိုင်ချင်လို့"
"ဒါမင်းအတွက်မဟုတ်ဘူး"
"ထိုင်ခုံတောင် သူ့အတွက် ငါ့အတွက်ရှိတာလား"
"တောက်!!
ပိုင်ယွီရဲ့အကြံမှာ ထိုနေရာတွင် ချွန်းရှန့်ကိုထိုင်ခိုင်းဖို့ဖြစ်သည်။ အခုတော့ အကြံစည်မှာ ထိုစောက်ကလေးကြောင့် ပျက်စီးရပြီ။ ကားထဲဝင်ကာထိုင်တော့ အနောက်ခန်းက ချွန်းရှန့်ကိုတချက်ကြည့်ကာပြုံးလိုက်သည်။
"လမ်းက အရှေ့မှာ"
"ရှည်လိုက်တာ ဒီသောက်ကလေး"
အရှေ့မှာဖြစ်ချင်တိုင်းဖြစ်နေသည့် နှစ်ယောက်ကို ပြုံးပြီးသာကြည့်နေသူကတော့ ချွန်းရှန့်သာဖြစ်သည်။