"ချွန်းကော ထမင်းကျက်ပြီ"
"မင်းချက်တတ်လား.."
"ဒီလိုပါပဲ သူများတွေလုပ်တာတွေငေးဖူးတယ်လေ အဲ့ဒါ..."
"ဪ ကျေးဇူးပဲနော် အဲ့ဆို စားကြမယ် ပိုင်ယွီ..လာလေ"
"ဩ အင်း လာပြီ"
ပိုင်ယွီတစ်ယောက်ကတော့ စိတ်ထဲမှာ ကြိတ်ဆဲနေပြီ ဒါကိုလည်း ဟုန်းဟွားသိတယ်။ အင်း..ငသူဖြစ်စေချင်တာ ဒါပဲလေ ဒါမှ ချွန်းကောဆီက အမှတ်ရမှာလေ။ ချွန်းကောတစ်ယောက်ကတော့ ဟင်းတွေကို လိုက်မြည်းစမ်းနေသည်။
"ကောင်းတယ်ဟ ဟုန်းဟွား မင်းအရင်ဘဝက Chefများလား"
"ချွန်းကောကလည်း ကျွန်တော်ကိုမြောက်နေပြန်ပြီ"
"တကယ်ကောင်းတာ"
"ဟုတ်တယ် ကောင်းပါတယ်"
ထိုနေရာတွင်လူသုံးယောက်က reactionတမျိုးစီဖြင့်ရှိနေသည်။ တယောက်က ဆူပုတ်နေသော်လည်း ကျန်နှစ်ယောက်ကတော့ ပြုံးပြုံးလေးနှင့်ပျော်နေသည်။
ထိုနေ့လည်ခင်းတွင်....
"ချွန်းကော.."
"ချွန်းရှန့်"
"ပြော"
"သူလား ကျွန်တော်လား"
"ဘာ.."
ခြံထဲကို အသီးအရွက်များသွားခူးဖို့ ပြင်ဆင်နေသည်။ ထိုအရာကိုလည်း သူတို့နှစ်ယောက် သူလိုက် ကိုယ်လိုက်မယ်နဲ့ငြင်းခုန်နေကြချင်းဖြစ်သည်။
"ချွန်းရှန့် မင်းသွားခူးနဲ့ ကိုယ်ပဲခူးမယ်"
"အာ..ချွန်းကော ကျွန်တော်နဲ့အတူတူခူးမယ်"
"နှစ်ယောက်စလုံးလိုက်ခဲ့"
ဒီနှစ်ယောက်နဲ့သာအနေကြာလျှင် ကျွန်တော် သွေးတတ်သေရလိမ့်မည်။ အခုလည်း ငါအရင် ကိုယ်အရင်နဲ့ လုယက်ခူးနေကြသည်ကို ကျွန်တော်ကတော့ ထိုင်သာကြည့်နိုင်သည်။
"ပြီးပြီ ချွန်းကော ကျွန်တော်များတယ် ကျွန်တော်အများကြီးခူးထားတာ"
"ဒီမှာ ချွန်းရှန့် ရပြီ"
တစ်ယောက်က နေရောင်ခြည်လိုနွေးနေပေမဲ့ တစ်ယောက်ကတော့ တည်ငြိမ်နေတယ်။
"မင်းတို့နှစ်ယောက်နဲ့ ငါခူးစရာမရှိတော့ဘူး"
"ကောင်းတာပေါ့ ချွန်းကော မပင်ပန်းတော့ဘူးလေနော်"
"ဟုတ်တယ် မင်းပင်ပန်းတော့ဘူး"
"ရှဲရှဲ"
ကိုယ်ပြုံးတော့ ဟုန်းဟွားက နွေးနွေးထွေးထွေးပြုံးနေပေမဲ့ ပိုင်ယွီကတော့ ငေးသာကြည့်နေတယ်။
"အဲ့ဆို ငါတို့ကိတ်မုန့်လုပ်ကြမယ်လေ ဆိုင်ဖွင့်ရမယ်"