ပိုင်ယွီကိုဆေးထည့်ပေးရင်း ချွန်းရှန့်တစ်ယောက်သွေးဆောင့်တတ်နေပြီ။ ဒီနှစ်ယောက်နဲ့ ငါအိမ်ပြိုတော့မှာပဲလို့တွေးမိသည်။
"ဘယ်လိုတွေဖြစ်နေတာလဲ"
"သူ ကောကို ယုတ်မာချင်နေတာ"
"မင်းသူကိုယုံလို့မရဘူး သူက မြေခွေးလိုကောင်!!"
"တော်ကြစမ်း! အခု သူကိုလွှတ်လိုက်!"
မလွှတ်ချင်ပေမဲ့လည်း ဆူပုတ်ကာလွှတ်ပေးလိုက်ရသည်။ ဒီကောင် ဟုတ်ကိုမဟုတ်သေးတာ။
"နှစ်ယောက်စလုံး ထ ဒီကိုလာ"
"အင်း..."
"ဟုတ်.."
"ပိုင်ယွီ ဆေးထည့်ထား"
"ဟုန်းဟွား မင်းလာ"
အနားတိုးသွားတော့ လက်ကိုဆွဲပြီး တယုတယဆေးထည့်ပေးနေသည့် ချွန်းကောကို ငေးနေမိသည်။ သူရဲ့ဆံပင်ရှည်ရှည်တွေ၊ ရွန်းလဲ့နေတဲ့မျက်လုံးတွေ၊ နူးညံ့ပြီး ဖြူဖွေးနေတဲ့လက်လေး။
"ဟိုကောင်!"
ခွားတတောင်းစေးတစ်ယောက်ရဲ့ခေါ်ခံကြောင့် အတွေးများပြတ်ကုန်သည်။ ဒီစောက်ကြက်ချီးကောင်။
"ဝေ့ မင်း ကလေးကိုဘယ်လိုတွေခေါ်နေတာလဲ သူမှာနာမည်ရှိတယ်"
ကိုယ့်ကိုကာကွယ်နေတဲ့ပထမဆုံးလူ။ အတွေးပျက်သွားတာကြောင့် စိတ်ပျက်သွားမိသည်။
"ဟွန်း!"
"ကဲ....ဖြစ်ခဲ့တာတွေမေ့လိုက်တော့ တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်"
"ဆုတောင်း"
"ချီးတောင် မိတ်ဆက်ဘူး"
"အန်းဟုန်းဟွား! လန်ပိုင်ယွီ!"
"ဟုတ်...."
"အင်း.."
"ကိုယ့်နာမည်က လန်ပိုင်ယွီ"
"သေတော့မမိတ်ဆက်ဘူး ဟွန်း"
ထထွက်သွားသည့် ထိုကောင်လေးကို ချွန်းရှန့် စိတ်တော့ပူမိသည်။
"တွေ့လား အဲ့ကောင် အချိုးကိုမပြေဘူး"
"အေးပါ မင်းပြန်တော့မှာလား"
"အကိုကြီး ကျွန်တော်မျိုး ပြန်ရောက်ရောက်ချင်း မင်းဆီလာတာ ကြိုဆိုတာကြီးက ဒါက"
"sorryကွာ ငါလည်း အာရုံကမရတော့ဘူးလို့"
"အင်း မင်းငါ့လက်ရာကိုလွမ်းလား ငါချက်မယ် ဒီနေ့"
"ချွန်းကော ဟင်းရော ထမင်းရောကျက်ပြီ"
"ဟမ်!!"
"ဟင်"
ဟုန်းဟွားရဲ့စကားက အနည်းငယ်တော့လန့်သွားသည်။ ထထွက်သွားသည်ကအလကားမဟုတ်။