လာဗန်ဒါပန်းရဲ့အဓိပ္ပါယ်က စောင့်နေမယ်တဲ့ ကျွန်တော် ချွန်းကောရဲ့အချစ်ကိုရရှိဖို့ စိတ်ရှည်ရှည်နဲ့စောင့်နေပါ့မယ်ဗျာ့။
ဆိုင်ပိတ်ပြီး အိမ်ထဲဝင်လာတော့ ဆိုဖာပေါ်မှာကားယားပြီးအိပ်နေသည့် ဟုန်းဟွားတစ်ယောက်ကိုသာတွေ့ရသည်။ ပိုင်ယွီကတော့ မိဘအိမ်ကိုခဏပြန်အုန်းမယ်ဟု ပြောသွားသည်။ အိပ်နေတဲ့တစ်ယောက်တည်းသောလူကိုနိုးရပြန်သည်။
"ဟုန်းဟွား...ရှောင်ဟုန်း...."
"ဟုတ်...ခ..ခဏလေးပဲ"
"ညနေရောက်နေပြီ မအိပ်နဲ့တော့"
"ဟုတ်....."
ဂုတ်ထောက်နေပြီး စုတ်ဖွားနေတဲ့ဆံပင်တွေနဲ့ အိပ်မူးတူး ထလာသည့် ကလေးကို တခြားလူတွေ့လျှင် အမြင်ကပ်နိုင်ပေမဲ့ ကိုယ့်အတွက်ကတော့ ချစ်စရာကောင်းနေသည်။
"သွားစရာရှိတယ် လက်ရှည်ယူခဲ့"
"ဟုတ်"
သူကိုကြည့်နေတော့ ဘာဖြစ်လို့လဲအကြည့်ဖြင့်ပြန်နေတာကြောင့် ခေါင်းသာယိမ်းပြလိုက်ရသည်။
"မင်း ငါ့ကိုယုံလား"
"အင်း ယုံတယ်"
ယုံတယ်တဲ့လား....။ ကလေးမို့လို့လား ဒါမှမဟုတ်တကယ်ပဲပြောနေတာလား ကိုယ်မသိတော့ဘူး ဒါပေမဲ့ ကလေးတွေကမလိမ်တတ်ဘူးလေ။
"ပင်လယ်ကိုသွားရအောင်"
"ဟုတ် သွားကြမယ်"
တံခါးသော့ခတ်ကာ လက်ရှည်တွေကိုယူပြီး ပင်လယ်ဆီကို လက်တွဲလျက် ပြေးသွားကြသည်မှာ ကြည်နူးစရာပင်။
"ဒါက ပင်လယ်ကြီးလား!!"
"ဟုတ်တယ် မင်းမတွေ့ဖူးဘူးလား"
"အင်း ကျွန်တော်တခါမှမမြင်ဖူးဘူး"
"အေးပါကွာ"
ပင်လယ်တွေ့လို့ပျော်နေတဲ့ကလေးငယ်ရယ် ထိုကလေးကိုကြည့်ကာ ပြုံးနေတဲ့ လူကြီးတစ်ယောက်ရယ်။
"အေးတယ်...အေးတယ်"
"အင်္ကျီအပိုမပါဘူးနော်"
"ကောကလည်း ခြေထောက်ပဲစိုတာလေ"
"ဟုတ်ပါပြီ"
မနိုင်ဘူးဆိုတဲ့အပြုံးဖြင့်သာ။
"ချွန်းကော..."
"အင်း"
"ကောလည်းလာလေ လာ.."
"တော်ပါပြီ"
"လာပါဆို.."
"အယ်..အယ်...."
အနားရောက်လာပြီး အတင်းဆွဲခေါ်နေတာကြောင့် ပစ္စည်းတွေပစ်ချကာလိုက်သွားရပြန်သည်။
"အား...အေးတယ်"
"ဟားဟား"
"မင်းနော် ရေနဲ့မပတ်နဲ့ အေးတယ်"
"ပတ်မှာပဲ ဟားဟား"
"ဟား..ပြန်ပတ်တယ်ကွာ.."
"အားး..ကော..စိုကုန်ပြီ"
"စိုပါ့လိမ့်စေ ဟီးဟီး"
ညနေရဲ့နေဝင်ချိန်က အေးမြနေပေမဲ့ ရယ်မောပျော်ရွင်နေတဲ့ ကောင်ငယ်လေးနှစ်ယောက်အတွက်ကတော့ နွေးထွေးပြီး ကြည်နူးစရာပါပဲ။ ဟုန်းဟွားစိတ်ထဲမှာ တွေးလိုက်သည်မှာ.....
*ချွန်းကော ကျွန်တော် ဒီအချိန်တွေရပ်တန့်ပစ်ချင်တယ် နေရောင်ခြည်လိုနွေးထွေးနေတဲ့ ချွန်းကောနားမှာပဲ နေချင်တယ်*