9

360 65 18
                                    

ပြေးလာလိုက်တာ နှစ်ဦးသားအမှတ်အသားထားထားတဲ့ကျွန်းပင်ကြီးနားရောက်တော့ ဂျေရူမနည်းအသက်လုရှူနေရသည်။

သစ်မြစ်တွေပေါ်ခဏထိုင်လိုက်ပြီး လေကိုတဝကြီးရှူကာအမောဖြေ မိသည်။မျက်နှာကတော့ပြုံးလို့ပေါ့။

ပထမဆုံးတစ်ခေါက်က ပေးမည်ဟုရည်ရွယ်ထားတဲ့စာ ဒီတစ်ခါလည်း မပါလာ။ဘယ်တော့မှ ပေးရပါ့မလဲနော်။

အတူဆုံဖူးတဲ့ သတ်မှတ်ရာနေရာလေး‌ကတောင်ဂျေရူအပေါ်  ပြုံး‌စေ နွေးထွေးစေ နိုင်တဲ့လွှမ်းမိုးမှုရှိနေရင် ပရန်ကတော့ပြောစရာမလို။မျက်နှာပူစရာသာမရှိရင် အရမ်းချစ်တယ်ရန် လို့ဂျေရူ အော်ပြောလိုက်မှာ။

ထိုစဉ်

       "ဂျေရူ"

ဒိန်း ခနဲ ဆောင့်ခုန်တဲ့နှလုံးသားကြောင့်လူပါတွန့်သွားရသည်။

လှည့်ကြည့်လိုက်တော့ ပရန်ဟာ ဆန်အရက်အိုးလေးကိုကိုင်ကာ ကြည့်နေသည်။

အမြဲနွားသားရေဦးထုပ်ကလေးဆောင်းကာ ကောက်ရိုးခြေညှပ်ဖိနပ် ကုတ်အင်္ကျီအရှည်တွေနဲ့အမြဲလိုတစ်သားတည်းကျနေတတ်တဲ့မိန်းမငယ်။

ဘယ်အချိန်ကြည့်ကြည့် အကြည့်လွှဲရက်စရာမရှိတဲ့ အချစ်ဦး။

        "ပရန်"

       "အင့်!"

ဘာတွေငေးနေမှန်းမသိတဲ့ဂျေရူကရုတ်တရက်ရင်ခွင်ထဲပစ်ဝင်လာတာမို့ အင့် ခနဲ တောင်ဖြစ်သွားရသည်အထိ။

ပရန့်အတွေးထဲ အေးအေးဆေးဆေးနေချင်လို့ ဒီနေရာမှာ အေးအေးလူလူ အရက်လာသောက်တာ။အင်း ဂျေရူ့ကိုလည်းလွမ်းတာပါတာပေါ့လေ။

အခုကျ မမျှော်လင့်ဘဲ ဂျေရူနဲ့ ဆုံတွေ့နေပြီ။ဒါကကံတရားတစ်ခုပဲလား။စတွေ့ကတည်းက မစိမ်းသက်ခဲ့တဲ့ သူမက ဘယ်အတိတ်ဘဝက ရေစက်များပါလိမ့်။

            "ဂျေရူ ဖယ်ဦးလေ"

အတန်ကြာတော့ နေရခက်လာတာမို့ သူမကို အသာလက်တစ်ဖက်နဲ့ပုတ်ကာပြောမိတော့

         "နင် ကအကျင့်မကောင်းတဲ့လူပဲ ပရန်ရီယာဘန်"

       "အိုး...ဘာလို့ငါကအကျင့်မကောင်းရတာများလဲ"

Birds of a feather Where stories live. Discover now