ဂျေရူ အိမ်ပြန်ရောက်တဲ့အထိအကြောင်းအရင်မရှိပြုံးနေမိတုန်း။
"သခင်မလေး"
ပြူးပြူးကြီးစိုက်ကြည့်ပြီးခေါ်တဲ့ဂျောင်အို့။
"အမလေး!!! လန့်လိုက်တာဂျောင်အို့ရယ် နင်ကတစ်မျိုး"
"နေမကောင်းရင်လည်းပြောပါသခင်မလေးရယ် သမားခေါ်ပေးပါမယ် အခုလို အဖျားပိုးခေါင်းထဲရောက်သလို မလုပ်ပြပါနဲ့ ငါကြောက်လို့"
"နင်က ငါ့ကို ရူးနေတယ်ပြောချင်တာလား"
"မဟုတ်ပါဘူး ငါပြောတာ သခင်မလေးကိုစိုးရိမ်လို့ပါ"
"ဒီနေ့စိတ်နည်းနည်းကြည်နေလို့နင်ကံကောင်းသွားတယ်မှတ် ဂျောင်အို့ သွားတော့ ငါနဲ့ဝေးဝေးနေ"
"..."
ချာခနဲ ပြေးထွက်သွားတဲ့ဂျောင်အို့ကြောင့် ပြုံးမိလိုက်ရသေးသည်။ ဪ အပျိုပေါက်ကလေးတွေများ။ခေါင်းကိုခါကာ မိမိနေထိုင်ရာအခန်းထဲဝင်ခဲ့သည်။
" အင်း နင်က ပရန့်ရင်ခွင်ထဲနေခဲ့တာဆိုတော့ အထူးအခွင့်အရေးပေးလိုက်မယ် ငါ့ခေါင်းအုံးအောက်မှာနေ ဟုတ်ပြီလား"
အမွှေးအိတ်ကိုစကားပြောတာဆိုလို့ လောကမှာ ဂျေရူသာရှိလိမ့်မည်။
ခေါင်းအုံးအောက်ထဲ တယုတယထည့်လိုက်ပြီး မပေးဖြစ်လိုက်သော စာခေါက်ကိုပါ ထည့်ကာ လက်နဲ့နှစ်ချက်မျှ ပုတ်လိုက်သည်။
ထိုအချိန်
"ဒေါက် ဒေါက် ဒေါက်"
အပြင်ကတံခါးခေါက်နေတာမို့
''ဘယ်သူလဲ"
"ငါ ချွန်းဂီပါ သခင်မလေး သခင်ကြီးတောလမ်းမှာ အလစ်တိုက် ပြန်ပေးဆွဲခံရလို့ပါ"
"ဘာ!!!"
တံခါးနှစ်ချပ်ကို ဝုန်း ခနဲဆွဲဖွင့်လိုက်ကာ
"ဘယ်မှာလဲ ချွန်းဂီ ဘယ်လို ဟာမျိုးက အပါးကို ထိရဲတာလဲ"
"ဖေး မြစ်ကို အဖြတ် အလစ်တိုက်ခံရတာပါ
ကျန်တဲ့လူတွေ မြစ်ကမ်းဘေးမှာကျန်နေခဲ့ပြီး ငါက သခင်မလေးကို လာအကြောင်းကြားတာပါ"
YOU ARE READING
Birds of a feather
Short Story"အကြောင်းအမျိုးမျိုးရှိတဲ့အခါ ငါ့ကိုလာရှာပါ ဂျေရူ" "အကြောင်းမရှိခဲ့ရင်ရော?" "မင်းဖြစ်နေလို့ကို ငါ့ကိုလာရှာပါ အချိန်မရွေး မင်းဖြစ်နေလို့ပါ" 🌻🌻🌻