ပရန် နိုးလာတော့ အနွေးဓာတ်ကိုခံစားနေရသည်။မျက်လုံးကတော့မဖွင့်မိသေး။
အင်း ဒီမနက်က အတော်လေးအအေးပေါ့တာပဲလို့တွေးပြီးမှ မျက်လုံးမဖွင့်ဘဲ ပြုံးမိလိုက်ပြီး ရင်ခွင်ထဲကအရာကို ထွေးဖက်ရုံမက ခွ ပါထားလိုက်သည်။နူးညံ့ပြီးမွှေးလိုက်တာ။
ဟမ်!!! မဟုတ်သေးပါဘူး။
ဖက်ထားရအောင် ငါ့မှာ ခေါင်းအုံးအပြင်ပိုမရှိတာကို။စောင်ကလည်းခြုံထားတာ။ဒါဆို ဒါဆို...
"အား!!!!!!"
"အာ့..အမလေး"
အော်လည်းအော် ကန်လည်းကန်မိလိုက်တာကြောင့် ဂျေရူခမျာ သုံးပတ်လောက်လိမ့်သွားရသည်။
"နင် ရူးနေလား ပရန် ဘာလို့ငါ့ကိုကန်တာလဲ"
နာကျင်သွားတဲ့ ခါးကို ကိုင်ကာ ဂျေရူပြောလိုက်တော့
"နင် နင်ကဘယ်လိုလုပ်ပြီး ငါ့ရင်ခွင်ထဲရောက်နေတာလဲ"
"ငါသိမလား ငါကအခုမှနင်ကန်လို့နိုးတာလေ နင်ဆွဲဖက်ထားတာနေမှာပေါ့"
သူကဘာမှမဖြစ်သလိုပြောနေတာ ပရန်မှာ တုန်တုန်ယင်ယင်ကြီး။
ဂျေရူလည်း အကန်ခံရတဲ့ဒဏ်ကြောင့်ရော မိုးမိလို့ ဖျားနေတာကြောင့်ရော ရောက်ရာနေရာမှအပုံလိုက်ကလေးသာရှိနေသည်။
"ငါရုတ်တရက်မို့ကန်လိုက်မိတာပါ နင် နင်တအားနာသွားလား"
"နင်အကန်ခံကြည့်မလား"
"တောင်းပန်ပါတယ်"
"......"
"မိုးလင်းတော့မှာ ငါ ထတော့မယ် နင်အိပ်ချင်သေးလား"
"ငါ မလှုပ်ချင်ဘူးဖြစ်နေတယ် အသားတွေနာတယ် ပြီးတော့ ငါနေမကောင်းဖြစ်နေပြီထင်တယ်"
"ဟင်!!"
စမ်းကြည့်လိုက်တော့ ပရန်စိုးရိမ်သွားသည်။
"နင်တကယ် ကို ပူနေတာပဲ ဘယ်လိုလုပ်မလဲ ဒါဆိုနင်အိမ်ပြန်လို့မဖြစ်သေးဘူးထင်တယ်"
"ငါ ပြန်မှဖြစ်မယ် အပါး က အခုတောင်သောင်းကျန်းနေပြီလားမသိဘူး ငါ့သာမတွေ့ရင် ဟိုနန် တစ်နယ်လုံးကို မြေလှန်မှာ"
YOU ARE READING
Birds of a feather
Short Story"အကြောင်းအမျိုးမျိုးရှိတဲ့အခါ ငါ့ကိုလာရှာပါ ဂျေရူ" "အကြောင်းမရှိခဲ့ရင်ရော?" "မင်းဖြစ်နေလို့ကို ငါ့ကိုလာရှာပါ အချိန်မရွေး မင်းဖြစ်နေလို့ပါ" 🌻🌻🌻