ဂျေရူ ပြန်သွားပြီးကတည်းက ပရန့်မှာ တစ်ခုခုလိုနေသလို အမြဲခံစားနေခဲ့ရသည်။
အခုလည်း လူမျိုးစုအစည်းအဝေးမှာသာ ပရန်ထိုင်နေရတာ ဘာမှ နားထဲမဝင်။
"အဲ့တော့ သခင်မလေးကိုပဲ ငါတို့ဦးဆောင်စေချင်တယ်"
"..."
လူအုပ်ထဲက သခင်မလေးလို့ပြောသံကြားမှ စိတ်နဲ့ကိုယ်နဲ့ကပ်တာမို့ ဘာမှမသိလိုက်။
"ပရန်"
အပါးကကြည့်ကာ ခေါ်သည်။
"ဒီတစ်ခေါက် မွန်ဂိုတပ် တွေ ဆေးဝါးတွေကို လီခတ် တောင်ကြားလမ်းကနေ သယ်မယ်လို့ကြားတယ် အဲ့တာ ငါတို့အတွက် အကျိုးအများကြီးရှိနိုင်တယ် ငါတို့ဟန်းဂုမြေကို ကျူးကျော်နေတဲ့ အဲ့အရိုင်းအစိုင်းတွေကို ပညာပေးရာလည်းရောက် ဆေးဝါးတွေလည်းငါတို့ရနိုင်တယ်"
"အင်း ပရန် ဗျူဟာ ချကြည့်ပါမယ် အပါး"
တော်သေးတာပေါ့။အပါးကအရင်ရှင်းပြသေးလို့။မဟုတ်ရင် ဘာမှမကြားလိုက်လို့ ပရန်ဘာပြောရမယ်မသိ။
ဂျေရူကိုသတိရပေမဲ့ ကိုယ့်မျိုးနွယ်စုကိုတော့ပစ်ထားလို့မရ။တာဝန်တွေဟာ ပရန့်မှာရှိနေသည်။
ကိုယ်က အနာဂါတ်ခေါင်းဆောင်လောင်းလေ။ကိုယ့်လူမျိုးကို အကျိုးသယ်ပိုးပေးရမယ်။လွင့်နေတဲ့စိတ်အစဉ်ကိုစုလိုက်ပြီး တည်တည်ငြိမ်ငြိမ်စကားဆိုလိုက်သည်။
"ဂျောင် က ငါနဲ့လိုက်မယ့်လူတွေစုထားလိုက် နောက်နေ့ ကျ ငါ အစီအစဉ်ပြောတာပေါ့"
"သိပါပြီ သခင်မလေး"
ဂျောင် ဆိုတာ ပရန့်ရဲ့လူယုံ။ကိုယ်ရံတော်။ညာလက်ရုံး။
ဂျောင်ထွက်သွားတော့ ပရန် ရေနွေးတစ်ခွက်ကိုယူသောက်လိုက်သည်။
"ပရန် သေသေချာချာတော့ သတိထားရမယ် မွန်ဂိုတွေကလည်း လီခတ်တောင်ကြားကဖြတ်မယ်လို့ဆုံးဖြတ်ပုံအရ ဘာမှမပြင်မဆင်ဘဲ လာမှာမဟုတ်ဘူး"
"အင်း ပရန် နားလည်ပါတယ်"
"...."
"ငွေစ ငါးတုံးလောက်ပေးလို့ရမလားအပါး"
YOU ARE READING
Birds of a feather
Short Story"အကြောင်းအမျိုးမျိုးရှိတဲ့အခါ ငါ့ကိုလာရှာပါ ဂျေရူ" "အကြောင်းမရှိခဲ့ရင်ရော?" "မင်းဖြစ်နေလို့ကို ငါ့ကိုလာရှာပါ အချိန်မရွေး မင်းဖြစ်နေလို့ပါ" 🌻🌻🌻