ပရန် ဂျေရူနဲ့တွေ့ပြီးအိမ်ကိုပြန်လာတော့ ရိုဇယ်ရောက်နေတာတွေ့ရသည်။အမားကထိုင်ပြီးစကားပြောဧည့်ခံနေလေရဲ့။
"သခင်မလေး"
ပြုံးပြနေတဲ့ရိုဇယ်ဟာသိပ်ကို လှပါသည်။သို့ပေမဲ့ ပရန့် စိတ်ထဲတွင်တော့ ခံစားမရ။ အရှုပ်ထုပ်လို့သာမြင်မိသည်။
ကိုယ့်ကို တိုက်ရိုက်ကပ်မရတော့ အမားကိုချဉ်းကပ်နေတာဖြစ်ရမည်။
ဂျေရူနဲ့ကြည်နူးလာတဲ့ အရိပ်တွေဟာကြက်ပျောက်ငှက်ပျောက်။
လ ကို တိမ်ဖုံးသွားသည့်နှယ်။စိတ်အစဉ်ကနောက်ကျိနေသည်။
"ဘယ်သွားနေတာလဲ ပရန် ဒီမှာ ရိုဇယ်လေးက စောင့်နေတာကြာလှပြီ"
အမားက ဝင်ပြောသည်။
"နင်ကဘာကိစ္စရှိလို့လဲ"
"ဟဲ့ ပရန်"
အမားက ခပ်ဆတ်ဆတ် ဝင်ဟောက်သော်လည်း ပရန် ဥပက္ခာ ပြု ကာ
"နင်အဲ့လို လျှောက်သွားနေရင် နင့်ဆိုင်ကတော့အရင်းပြုတ်တော့မှာပဲ"
"ငါ ငါက သခင်မလေးအတွက်ဟင်းလာပို့ပေးတာပါ"
"ဒီမှာ ရိုဇယ် ငါမစားဖူးတဲ့ဟင်းဆိုတာ ဒီနယ်မှာမရှိသလောက်ပဲ ငါက ဒီနယ်ရဲ့ တချိန်မှာဖြစ်လာမယ့်အရှင်သခင်ဆိုတာနင်မေ့နေတာလား နင့်ဘာသာ ဝအောင်စားစမ်းပါ နောက်တစ်ခါ ငါ့ကို လာမပို့နဲ့ ငါ့အိမ်မှာ အကုန်ပြည့်စုံတယ်"
ပြောပြီးလှည့်ထွက်သွားတဲ့ လူကို ရိုဇယ်လိုက်ကြည့်ရင်း ရင်ဘတ်ထဲက ခံစားချက်တွေက မျက်ရည်အသွင်ပြောင်းကာ အပြင်သို့လျှံကျသည်။
ပြောရက်လိုက်တာ သခင်မလေးရယ်။
ချစ်မိသူမှာ အပြစ်ရှိလို့လား။ချစ်ရသူအပေါ် ဂရုစိုက်အကြင်နာပိုမိတာ အပြစ်ဆိုရင် ဟုတ်ပါတယ် ပတ်ရိုဇယ် ဟာ အပြစ်သားပါ။
အကြင်နာဆိုတာ ကြည်ဖြူတဲ့လူဆီက ရရင်သာ ကောင်းမွန်တဲ့ အရသာဖြစ်ပြီး....မကြည်ဖြူတဲ့လူဆီကရောက်လာလျှင် ခါးသက်သောအရသာရှိသည်။စိတ်ကျဉ်းကျပ်ရတတ်ပါသည်။
YOU ARE READING
Birds of a feather
Short Story"အကြောင်းအမျိုးမျိုးရှိတဲ့အခါ ငါ့ကိုလာရှာပါ ဂျေရူ" "အကြောင်းမရှိခဲ့ရင်ရော?" "မင်းဖြစ်နေလို့ကို ငါ့ကိုလာရှာပါ အချိန်မရွေး မင်းဖြစ်နေလို့ပါ" 🌻🌻🌻