ဂျေရူအတန်ကြာငေးနေပြီးမှ အပါးက သက်ပြင်းတစ်ချက်ချတာတွေ့လိုက်ရသည်။
"အဲ့နေ့က ဂွါဆာနဲ့တိုက်နေတုန်း မွန်ဂိုဘက်ကလူတွေကလည်းရောက်လာခဲ့ပြီး ငါရယ် ကင်ဖြောင်ဂျွန်း ရယ် က မမျှော်လင့်ဘဲ သူတို့ကြားထဲရောက်သွားခဲ့တာ"
လွန်ခဲ့သော ၂၄နှစ် အတိတ်....🫧🫧
"ရား....တိုက်ကြဟေ့"
"အရှုံးမပေးဘူးကွ"
"ဒီမျိုးမစစ်ကောင်တွေကတော့"
"သတ်!!!!"
စသော စသော အသံတွေနဲ့ ဓားသံတစ်ချွင်ချွင်ဟာ ဟိန်းထနေခဲ့သည်။
မူဟိုနဲ့ ဖြောင်ဂျွန်းဟာလည်း ကျောချင်းကပ်တိုက်ခိုက်နေလျက်။
"ဟား ဟား ငကြောက်တွေကသာ ကျောကပ်တိုက်ကြတာကွ နားလည်လား ငပိန်းတွေ"
ဓားကိုကိုင်ဆွဲလျက်လှောင်နေသော ပရာဘန်ကို မူဟို ဓားနဲ့ပြေးဝင်ခုတ်သည်။
"ပရာဘန် ဒီခွေးမျိုးကတော့"
"ကင်မူဟို နင့်လို ဦးနှောက်မရှိတဲ့ကောင်ကို ငါသူငယ်ချင်းတော်ခဲ့မိတာ နောင်တအရဆုံးပဲ"
"နင့်စောက်ပေါက်ကိုပိတ်ထား ပရာဘန်"
ဓားချင်းထိခတ်နေသလို စကားချင်းလည်းဖိသတ်နေကြသည်။
ထိုအချိန် နောက်ကျောကဝင်လာတဲ့ဓားချက်။
"ချလွမ်!!!"
ဓားကိုဓားဖြင့် အစားထိုးဝင်ခံပြီး ခတ်ထုတ်လိုက်တဲ့အသံ။
"ဖြောင်ဂျွန်း"
" မူဟို မွန်ဂိုတွေပါ ပါလာပြီ ဒီကြွက်လိုကောင်တွေဘယ်က အနံ့ရတာလဲမသိဘူး ငါတို့ကို အသာလေး လာကောက်နေတာ"
"ဘာ"
"ပရာဘန် နင်လည်းဒီနေ့ပြန်တော့ ငါတို့ပွဲမပြီးသေးဘူး ဒါပေမဲ့ မွန်ဂို တိုက်တာတော့မခံနဲ့တော့ ငါတို့က ရန်သူတွေဆိုရင်တောင် ရန်သူတူတဲ့ရန်သူတွေ အဲ့တော့ မွန်ဂိုတွေကို ပျော်ခွင့်မပေးနဲ့"
ကင်ဖြောင်ဂျွန်းက ပရာဘန်ကို ကြည့်ပြီးပြောလာတော့ မကျေနပ်ရင် တောင်ကျိုးကြောင်းဆီလျော်သည်မို့။
YOU ARE READING
Birds of a feather
Short Story"အကြောင်းအမျိုးမျိုးရှိတဲ့အခါ ငါ့ကိုလာရှာပါ ဂျေရူ" "အကြောင်းမရှိခဲ့ရင်ရော?" "မင်းဖြစ်နေလို့ကို ငါ့ကိုလာရှာပါ အချိန်မရွေး မင်းဖြစ်နေလို့ပါ" 🌻🌻🌻