11

413 70 19
                                    

ဧည့်သည်ကို သိပ်ထမင်းကျွေးချင်တဲ့ အမားရဲ့ဆန္ဒဟာ ပြည့်ဝသွားသည်။

       "နင်က သိပ်အစားနည်းတာပဲဂျေရူရယ်"

ဂျေရူက အစားနည်းတာမဟုတ်ဘဲ အမားက သာမလျော့အောင် အကုန်ခပ်ထည့်နေတာ ခဏခဏ လို့ ပရန်ပြောလိုက်ချင်သည်။

       "စား ဂျေရူ"

           "အမား အများကြီးမထည့်ပါနဲ့ ဂျေရူမကုန်တော့ဘူး"

ဂျေရူဟာ ပရန့်အမားကို အမားလို့သာခေါ်လိုက်သည်။

စိတ်ထဲနွေးကနဲ။

ငယ်စဉ်ကတည်းက ဂျေရူ့အမားဆုံးသွားလို့အပါးနဲ့နေခဲ့ရတာလေ။အခု အမားဆိုတဲ့နာမ်စားကိုခေါ်ခွင့် ရလိုက်တာ မျက်ရည်တောင်ဝဲသွားစေသည့်ခံစားချက်မျိုးရသည်။

ပရန့်ကိုကြည့်တော့ ကျေနပ်ပီတိပြုံးတွေနဲ့။

       "ဟုတ်သားပဲ ‌သူစားပါစေဦး အမားရဲ့ ‌အတင်းမထည့်ပါနဲ့ ထည့်သမျှ စားတာ အမားဝက် တွေပဲရှိတယ်နော်"

        "အေးပါဟဲ့ ငါကစားစေချင်လို့ပါ ထပ်မထည့်တော့ဘူး အဲ့တာတော့ နင်ကုန်အောင်စားဂျေရူ"

      "ဟုတ်ကဲ့ အမား"

ချစ်ရသူနဲ့အတူစားခွင့်ရတဲ့ထမင်းဝိုင်းမို့လားမသိ ဂျေရူသိပ်ကို ထမင်းစားကောင်းနေခဲ့သည်။

....

ဘုံဆိုင်တွင်

      "ရိုဇယ်တို့တော့ ကျန်ရစ်ဖြစ်တော့မလားမသိဘူးဟေး"

      "ဘာစကားတုန်း ဦးကြီးဂန်"

ဆိုင်ထဲလာလာချင်း ပြောလာတဲ့စကားကြောင့် မျက်ခုံးတွေကို ပင့်တင်ကာ မေးလိုက်တော့

      "ငါ့ကို ဆန်အရက် တစ်အိုးချ အမဲသားခြောက် တစ်ပွဲပေး"

မှာတာကို ရိုဇယ် ယူသွားလိုက်ပြီး စားပွဲပေါ်ချပေးကာ

      "စောစောက စကား ဘာကိစ္စ ငါကကျန်ရစ်ဖြစ်ရမှာလဲ ဦးကြီးဂန်"

     "သခင်မလေး အိမ်မှာ မိန်းကလေးတစ်ယောက်တွေ့ခဲ့တယ် သူတို့ထမင်းအတူစားနေကြတာ သခင်မကြီးလည်းပါတယ်"

Birds of a feather Where stories live. Discover now