ပရန် လက်နက်တွေရပြီမို့ သွားကြည့်ရသည်။ပုံးတွေအကုန်လှန်ဖွင့်တော့ပစ္စည်းဟာအပြည့်။
"မဆိုးဘူးဟ"
ချိန်ရွယ်ကြည့်ရင်း ဘရုစ်ကိုပြောလိုက်တော့ ပြုံးပြသည်။ထို့နောက် ဘရုစ်က သူ့ခါးကြားထဲက ပစ္စတို တစ်လက်ကိုပါထုတ်ပြီး
"ရော့ ဒါက ပရန့်အတွက်လက်ဆောင်"
"လက်ဆောင်???"
"ဟုတ်တယ် အနောက်တိုင်းက သေနတ်လက်ကားရောင်းတဲ့ လူတွေက အလက်များများဝယ်ရင် ဒါလေးအပို လက်ဆောင်ပေးတယ်"
"ဒါက သေးပေမယ့်ကျည်ခြောက်တောင့် ထည့်လို့ရတယ်လား"
(1980 ခုနှစ်အပြင်ကို သိပ်မဖွံ့ဖြိုးသေးတဲ့ပြည်နယ်အသေးလေးမို့ သေနတ်အရှည်တွေကတောင် တစ်ခါပစ် တစ်ခါယမ်းထောင်းထည့်ရတဲ့အမျိုးအစားဆိုတာ သတိကပ်စေလိုပါတယ်။ထို့ကြောင့်ပစ္စတိုကို ပရန်သဘောကျနေခြင်းပါ။)
"ခေါင်းဆောင်တွေကိုင်ကြတာပါ ဥရောပတိုက်တစ်ခွင်မှာလေ"
"တော်တယ် ဘရုစ်"
ပုခုံးကိုအသာပုတ်ကာ အမှတ်ပေးအသိအမှတ်ပြုလိုက်သည်။
"ဟို ကျွန်တော်ပစ်နည်းပြ....."
"မလိုဘူး !!!! ငါပစ်တတ်တယ်...ဘာလဲ ဘရုစ် နင်ကငါ့ကို တောကလူ တောသူမ လို့ အထင်သေးတာလား"
"မဟုတ် မဟုတ်ပါဘူး ကျွန်တော်ကစေတနာနဲ့...."
"နင်တစ်ခါတလေ ငါမကြားလောက်ဘူးထင်ပြီးပြောနေတဲ့ ဥရောပစကားတွေငါနားမလည်ဘူးထင်နေတာလား"
"ဗျာ!!"
"ပိုအံ့ဩသွားအောင်ပြောရမလား ငါ အဲ့ဥရောပမှာ ငါးနှစ်လောက်နေလာခဲ့တာ"
"......"
ဘရုစ်ကြောက်လို့တုန်နေပြီ။ မတုန်ဘဲနေမလား ပစ္စတိုအဝက နဖူးတည့်တည့်မှာ။
YOU ARE READING
Birds of a feather
Short Story"အကြောင်းအမျိုးမျိုးရှိတဲ့အခါ ငါ့ကိုလာရှာပါ ဂျေရူ" "အကြောင်းမရှိခဲ့ရင်ရော?" "မင်းဖြစ်နေလို့ကို ငါ့ကိုလာရှာပါ အချိန်မရွေး မင်းဖြစ်နေလို့ပါ" 🌻🌻🌻