5

316 59 9
                                    

ဂျေရူဖျားနေတာ လေးရက်ရှိပြီ။အခုထိနာလန်မထူနိုင်သေး။အိပ်ယာကထထိုင်ရုံရှိသေး ဆန်ပြုတ်ပန်းကန်ယူပြီး မာဆွန်းကဝင်လာကာ ဘေးက ဆေးခွက်ကိုကြည့်ပြီး

    "သခင်မလေး ဆေးတွေလွှင့်ပစ်ပြန်ပြီလား"

     "ငါအကုန်သောက်တယ် မာဆွန်း"

     "ဟုတ်လို့လား"

     "ငါကနင့်ကိုလိမ်ပြောရအောင်နင်ကရွှေထွက်လို့လား"

     "ငါက သခင်မလေးအမြန်နေကောင်းအောင်လို့ပါ"

မာဆွန်းကို မျက်စောင်းထိုးလိုက်သည်။

     "အပါးကဘယ်သွားတာလဲ"

     "ချွန်းဂီ ပြောတာကတော့ တွင်းထွက်ရတနာတွေနဲ့ တခြားကုန်ပစ္စည်းတွေကိုသွားလဲတယ်ပြောတာပဲ တစ်လလောက်ကြာမယ်တဲ့"

ချွန်းဂီက အပါးရဲ့ အားကိုးရတဲ့လူ။ အပါး ညာလက်ရုံးလိုပဲ။သူပြောတာဆိုရင်တော့အတည်ဖြစ်ဖို့များသည်။

     "ငါ့ကိုအပါးကတစ်လကြာမယ်မပြောသွားပါဘူး"

    "မသိဘူး အဲ့လိုပြောတာပဲ"

    "အေး အဲ့လိုဆိုတော့လည်း အဲ့လိုပေါ့ ငါဗိုက်ဆာနေပြီ"

    "ဆန်ပြုတ်ယူလာတယ် သောက်တော့မလား"

    "ထပ်ပြီးဆန်ပြုတ်ပဲလား ငါမျိုချဖို့တော်တော်ခဲခက်နေပြီ မာဆွန်း"

     "နေအရှင်းမကောင်းသေးသရွေ့ကတော့ ဆန်ပြုတ်ပဲကောင်းတယ်လေ"

      "မစားရင် ငါငတ်မှာ မလား''

     "..."

       "ပေးပေး ကြိတ်မှိတ်မျိုချဖို့ပဲရှိတာပေါ့''

ဆန်ပြုတ်ကိုစိတ်မပါ လက်မပါသောက်နေရင်း ခေါင်းထဲဝင်လာတာ ပရန်။

လေးရက်လောက်ဖျားနေခဲ့တာမို့ ဘယ်မှ မသွားနိုင်မလာနိုင်ဖြစ်ခဲ့ရသည်။

ပရန့်ဆီကိုစာပို့ဖို့စိတ်ကူးထဲ နေရာယူထားသော်လည်း လက်တွေ့မှာအကော်အထည်မဖော်နိုင်သေး။

ဒီတစ်ခေါက်ရက်ရှည်ဖျားတာကို ဂျေရူ အမုန်းဆုံးပဲ။

🌻🌻🌻

Birds of a feather Where stories live. Discover now