2

397 73 11
                                    

ဟိုနန် နယ်ရဲ့သခင်မလေး ဂျေရူကင်ဟာ သခင်ကြီးကင် ကို ပန်းခူးမလွှတ်လို့ ဂျစ်တိုက်နေသံဟာ စံအိမ်တခုလုံးဟိန်းနေသည်။

     "ဒေစီ တွေပွင့်နေပြီလို့ ဂျေရူ သိပ်ကြိုက်တဲ့ပန်း မှန်း အပါးလည်း သိသားနဲ့"

     "သိတယ် သိပေမဲ့ မသွားရဘူး"

      "ဘာလဲ ဘာလို့မသွားရမှာလဲ"

       "ဂျေရူကင်!!"

     "....."

     "မိတဆိုးမို့အလိုလိုက်ထားတာကို ငါ့ကိုမဆိုးနဲ့ ဒီကြာပွတ် နင့်အတွက်ဖြစ်သွားမယ်"

     "ပန်းလေးသွားခူးချင်ရုံပဲကို အပါးက မတရားဘူး"

ပြောလည်းပြော ငိုလည်းငိုနေတဲ့ မရွှေချောကို သခင်ကြီး ကင်မူဟို လည်း မနိုင်တော့။

မိတဆိုးသမီးလေးရဲ့မျက်ရည်ကို မမြင်ချင်တာ ဒီဖခင်ကြီးရဲ့အပြစ်လား။ အရွယ်ကောင်းလေးမှာ မိန်းမဖြစ်သူ တိမ်းပါးသွားပေမဲ့ နောက်အိမ်ထောင်မထူဘဲ ဒီသမီး ကိုပဲ ဘဝလုပ်နေလာခဲ့တာလေ။

ကဲ ကိုယ်ပဲတစ်ထစ်လျှော့လိုက်ပါမယ်လေ။ပန်းခူးရုံပဲကို။

ဒါပေမဲ့ သခင်ကြီး ကင် ဟာ စိတ်မချနိုင်။မလိုသူဆိုတာ ဂျိုပါတာမှမဟုတ်တာ။ ရန်သူကလည်း မြင်တာနဲ့သိရအောင် ထူးခြားနေတာမဟုတ်။ဟူး...သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး

      "အဲ့လောက်သွားချင်နေတာ သွား နင်တစ်ယောက်တည်းတော့မရဘူး ဂျေရူ မာဆွန်းတို့ကိုပါခေါ်သွား"

      "ဟင်!!!"

      "အထွန့်တက်ရင်မသွားနဲ့"

      "ဟင့်အင်း မတတ်ဘူး ခေါ်သွားမယ်"

     "အေး"

လိုတာရသွားတဲ့သမီးဖြစ်သူဟာ ကော့ခနဲ ပဲ လှည့်ထွက်သွားသည်။ချစ်ရကျိုးနပ်ပုံများ။ မိုးလေကျမှာမြင်နေလို့ မလွှတ်တာကို။ဂျီတိုက်နေတာ။

မိုးမိရင် ၇ ရက်လောက်ဖျားးနေတတ်တာလည်းဂျေရူကင်ပါပဲ။

သမီးဖြစ်သူမိုးမမိဖို့ နတ်ဘုရားကြီးထံမှာ ကင်မူဟို ဆုတောင်းရတော့မည်။

Birds of a feather Where stories live. Discover now