ပရန် ဒီနေ့ လေ့ကျင့်ရေးကွင်းထဲရောက်နေသည်။
"ဘယ်လိုလဲ ဂျောင် သူတို့တိုးတက်လား"
"အချိန်ကတော့ သတ်မှတ်အတွင်းထဲပဲ စိတ်တိုင်းကျမကျက သခင်မလေးပဲကြည့်ပါ"
"ဒါဆို အဖွဲ့တစ်အတွက် လူရွေးတာပေါ့"
"ဟုတ်"
"အားလုံးကို စုလိုက် ပေတစ်ရာအကွာကနေ ခေါင်းကို ပစ်ခိုင်းမယ် အချိန် ငါးစက္ကန့်အတွင်း"
ဂျောင် မျက်လုံးပြူးသွားသည်။ ယမ်းထောင်းမှာနဲ့ ကျည်ထည့်မှာနဲ့ဆို ဘယ်လိုငါးစက္ကန့်အတွင်းလဲ။ သခင်မလေးပေးထားတာ အစက စက္ကန့်ခြောက်ဆယ်လေ။
"ဘာကြည့်နေတာလဲ မြန်မြန်လုပ်လေ"
ကြောင်ကြည့်နေတဲ့ ဂျောင် ကို ပရန်ပိတ်ဟောက်လိုက်မှ ခေါင်းတကုတ်ကုတ်နဲ့ ထွက်သွားကာ
"အားလုံး လူစုမယ်!!!!!!!"
အယောက်တစ်ရာလောက်ရဲ့ရှေ့မှာ ပရန်ဟာ ရပ်နေခဲ့ပေမဲ့ ဂျောင် က ကိုယ်စားပြောနေခဲ့သည်။
"အားလုံးပဲ ပေတစ်ရာက နေ ဟိုးမှာရှိနေတဲ့ ပစ်မှတ်က ခေါင်းကိုထိအောင်ပစ်ရမယ် ယမ်းထောင်း ကျည်ထည့် အားလုံး ငါးစက္ကန့်ပဲ"
လူအုပ်ကြီး လှုပ်လှုပ်ရွရွဖြစ်သွားသည်။
"ဟမ် ငါးစက္ကန့် ထဲနဲ့လား"
"မမြန်လွန်းဘူးလား""ရပါ့မလား"
တစ်ယောက်တစ်ပေါက်အသံတွေ။ပရန့်ရဲ့စိတ်ရှည်ခြင်းတွေက ဂျေရူကင့် အပေါ်မှာသာတည်ရှိတာ။မျက်မှောင်ကုပ်ကာပြောလိုက်တာက
"ဂျောင် စလိုက်တော့"
ပရန့်အတွက်ထားထားတဲ့ထိုင်ခုံပေါ်ထိုင်ချလိုက်ပြီးကုတ်အင်္ကျီအရှည်ထဲမှ အိတ်ဆောင်နာရီလေးကို ထုတ်လိုက်သည်။
"တစ် နှစ် သုံး"
"ဒိုင်း!!!!"
"ဒိုင်း!!!"
သေနတ်သံတွေ ကြားမှာ ပရန့်မျက်လုံးထဲသဘောတွေ့လိုက်တာ ဆယ်ယောက်။
YOU ARE READING
Birds of a feather
Short Story"အကြောင်းအမျိုးမျိုးရှိတဲ့အခါ ငါ့ကိုလာရှာပါ ဂျေရူ" "အကြောင်းမရှိခဲ့ရင်ရော?" "မင်းဖြစ်နေလို့ကို ငါ့ကိုလာရှာပါ အချိန်မရွေး မင်းဖြစ်နေလို့ပါ" 🌻🌻🌻