"ကျွန်တော် အောင်မြင်တဲ့ idolတစ်ယောက် ဖြစ်အောင် ကြိုးစားပြီး အဖေ့ကို လာတွေ့ပါမယ် အဖေ..."
မကြားနိုင်လေသော စကားတစ်ခွန်းကို ခပ်ဖွဖွ ဆိုပြီးသည့်နောက် သူဟာ သူ့ဖခင်၏ အုတ်ဂူကို နောက်ဆုံးအကြိမ် ဦးချလိုက်ပါ၏။ ခပ်ညင်းညင်း တိုက်ခတ်လာသည့် လေညင်းသည် သူ့ဖခင်၏ အားပေးနွေးထွေးသော အထိအတွေ့တစ်ခုကို သယ်ဆောင်လာသလိုလို...
သူဖြည်းဖြည်းချင်း ခြေလှမ်းရင်း သူ့ဖခင်၏ အုတ်ဂူနှင့်အတူ တရုတ်ပြည်ကြီးကိုပါ ခေါင်းလှည့်မကြည့်တော့ဖြစ်တော့ပါ။ Idolတစ်ယောက်ဖြစ်ချင်ခဲ့သည့် သူ့ဆန္ဒကို သူ့ဖခင်သည် နောက်ဆုံးအချိန်ထိ လိုက်လျောကာ ကန့်ကွက်ခဲ့ခြင်းမရှိသည့်တိုင် သူနောက်ဆုံးပြိုင်ပွဲကို လက်လွှတ်ခဲ့ရသည်။ ဖခင်၏ သေဆုံးမှုသည် သူ့အား ကျရှုံးမှုတစ်ခုဖြစ်လာစေခဲ့သည့်တိုင် သူ လက်မလျှော့နိုင်ခဲ့ပါ။ သူ့မိခင်သည် တရုတ်အမျိုးသမီးတစ်ဦးဖြစ်ကာ ငယ်ရွယ်စဉ်က သူ့ဘိုးဘွားတွေနဲ့အတူ ထိုင်းနိုင်ငံ၌ စီးပွားရေးတစ်ခုလုပ်ကိုင်ခဲ့ရင်း သူ့ဖခင်နှင့် မေတ္တာမျှခဲ့ကြသည်ဟု သူ့မိခင်က ဆိုဖူးသည်။ သူ့အတွက် အဖိုးမဖြတ်နိုင်သော ဖခင်ဖြစ်သူ၏ ဇာတိ၌ သူအကောင်းဆုံးကြိုးစားရန် ဆုံးဖြတ်ချက်သည် ဖြစ်လာမလား၊ မဖြစ်နိုင်မလား ခန့်မှန်း၍မရသည့်တိုင် သူ့ဆုံးဖြတ်ချက်သည် သိပ်ကိုခိုင်မာလွန်းသဖြင့် နောက်ဆုတ်ရန် အတွေးလဲမရှိပါပေ။
"တောက်ပနေတဲ့ starတစ်ယောက်အနေနဲ့ အဖေ့ကို လာတွေ့မှာမလို့ အရင်အတိုင်းပဲ ကျွန်တော့်ကို ယုံကြည်ပေးပါ ဖေဖေ..."
**......**
ကံသိပ်မကောင်းတတ်သည့် သူ့အတွက် ပြိုင်ပွဲတစ်ခုကို လွယ်လွယ် ရခြင်းဟာ အင်မတန်ပျော်စရာ ကောင်းသောအရာဖြစ်စေသည်။ ယနေ့ အရည်အချင်းစစ်ပြိုင်ပွဲရှိသည်။ ပြိုင်ပွဲဝင်အများကြီးထဲတွင် သူဟာ သိပ်တော့ကွဲထွက်မနေဟု ခံစားရသည့်အခါ သက်ပြင်းဖွဖွ ချမိသည်။
"ဘုတ်...!"
အနောက်နားမှ ထွက်လာသည့် ထူးဆန်းသည့်အသံတစ်ခုကြောင့် လှည့်ကြည့်မိသည့်အခါ တစ်ခုခုကို ကုန်းကောက်နေသည့် လူတစ်ယောက်...!
YOU ARE READING
The way to you (Daou × Offroad){Uni+Zaw}
FanfictionDaouoffroad ရဲ့ character အတိုင်းလေးကို စိတ်ကူးယဉ်ပုံစံလေးပြောင်းပြီး ဖန်တီးထားပါတယ်ရှင့်...🩷