Daouရဲ့ ရင်ထဲမှာ လိပ်ပြာလေးတွေပျံသွားသလိုခံစားလိုက်ပြီး မနေတတ်မထိုင်တတ်ဖြစ်ပေမယ့် တစ်ခုခုက ခံစားချက်ကောင်းနေသလိုမျိုး။ မေးတဲ့သူက မေးလာခဲ့တာတောင် သူ့မှာ မည်သို့ပြန်ဖြေရမည်နည်း စဉ်းစားရကြပ်နေမိသည်။ "အင်း...!" လို့ ခေါင်းညိမ့်လိုက်ရင် သူ့ပုံစံက အစကတည်းက လက်ကိုအရမ်းကိုင်စေချင်နေတဲ့ပုံပေါက်သွားမလား...?!
ဒါမှမဟုတ် "ရပါတယ်...Phi အဆင်ပြေတယ်" ဆိုရင် သူ့လက်ကို Offroad က တကယ်မကိုင်တော့ဘဲနေမှာများလား...?!
သို့သော် သူဘာတစ်ခွန်းမှ မဟရသေးခင်မှာပင် အနည်းငယ်နွေးထွေးနေသည့် လက်ကလေးတစ်စုံက သူ့လက်နှစ်ဖက်ကို အသာဆွဲယူသွားပြီး သိပ်မကြာခင်မှာပင် ခပ်ကျစ်ကျစ်တောင့်တောင့်၊ ချောချောမွေ့မွေ့ရှိသည့် တစ်စုံတစ်ခုပေါ်သို့ သူ့လက်များ ကပ်လျှက် ကျသွားပေ၏။
Daouမှာ သူ့တစ်ကိုယ်လုံးရှိ သွေးကြောမျှင်များမှ သွေးများပြောင်းပြန်စီးသွားသကဲ့သို့ ခံစားလိုက်ရပေ၏။ Offroad က ခပ်သွက်သွက်ပင် သူ့လက်ကိုဆွဲယူကာ သူ့အင်္ကျီအတွင်းသို့ ဆွဲသွင်းလိုက်ခြင်း ဖြစ်ပေ၏။ ဒီလောက်ချစ်စရာကောင်းသည့် မျက်နှာကလေးနှင့်မလိုက်အောင် ထိုကောင်လေး၏ ဝမ်းဗိုက်ရှိကြွက်သားများမှာ ကျစ်လစ်မာကျောနေမည်ဟု Daouမတွေးထားမိခြင်းဖြစ်ပါသည်။ Daouမှာ အမှန်တကယ်ပင် အသက်မရှူရဲတော့ပါပေ။ သူအသက်ရှူမိချိန်မှာ သူ့ခန္ဓာကိုယ်က လှုပ်ရှားမိသွားပြီး Offroad ၏ ဝမ်းဗိုက်ကို ပွတ်သပ်မိသွားမည်ကို စိုးရိမ်လှပေ၏။ သို့သော်လည်း မည်သို့ပင် မလှုပ်မယှက်ရပ်နေပါစေဦးတော့ သူ့လက်နှစ်ဖက်လုံးမှာတော့ ဓာတ်လိုက်နေသလို တဆတ်ဆတ်တုန်နေပေ၏။
"နွေးလား ? Phi...!''
Daou မှာ ချွေးပင်ပျံချင်နေပြီး နှလုံးသားတစ်ခုလုံးကမူ ပူလောင်ကာ လောင်မြိုက်နေသလိုပင်။ သူ လက်ကို ပြန်ဆွဲယူလိုက်သင့်လား...?! အကယ်၍ ထိုသို့ပြုမူလိုက်လျှင် Offroad အတွက် ထူးဆန်းသွားမည်ကိုလဲ သူစိုးရိမ်မိပေ၏။
မူမမှန်သည့် Daouကို နောက်ဆုံးတော့ Offroad သတိထားမိသွားပေ၏။ သူက လက်ကို ကြောင်အမ်းအမ်းဖြင့် သူ့အင်္ကျီထဲမှ ထုတ်ပေးလိုက်ရင်း မေးလိုက်သည်။
YOU ARE READING
The way to you (Daou × Offroad){Uni+Zaw}
FanfictionDaouoffroad ရဲ့ character အတိုင်းလေးကို စိတ်ကူးယဉ်ပုံစံလေးပြောင်းပြီး ဖန်တီးထားပါတယ်ရှင့်...🩷