Episode (8)

491 57 18
                                    

"Road...! အိပ်မပျော်လို့လား...?!"

တစ်ဖက်ခုတင်ထံမှ ထွက်ပေါ်လာသော ခပ်တိုးတိုးအသံသည် ညအိပ်မီးဝါကျင့်ကျင့်ရောင်လေး ကြားမှ ချောမွေ့စွာ ထွက်ပေါ်လာပြီး Offroad တစ်ဖက်သို့ လှည့်ကြည့်မိသည့်အခါ မျက်လုံးတွေပိတ်အောင် ပြုံးပြီး ကြည့်နေသည့် Daou ကို တွေ့ရသည်။

"ရပါတယ် Phi...! ကျွန်တော်က ပုံမှန်ဆိုလဲ အိပ်ပျော်ခဲလို့ပါ..."

Daou က ခဏတာငြိမ်ငြိမ်ကလေး သူ့ကိုစိုက်ကြည့်နေပြီး Offroad သည်လဲ တိတ်တဆိတ်သာ ပြန်ကြည့်နေမိပြီးမှ ရုတ်တရက်က Daou က ဘာတွေသဘောကျသွားမှန်းမသိ ထရယ်ပြီး ပြောလာပေ၏။

"Phi ချော့သိပ်ပေးရမလား...?!"

"အမ်! မလိုပါဘူး Phi...! ကျွန်တော် အချိန်တန်ရင် သူ့ဘာသာအိပ်ပျော်သွားမှာပါ..."

ထို့နောက် Offroad က Daou ကို ကျောပေးပြီး မျက်လုံးကိုမှိတ်ထားလိုက်ပေ၏။ သူ့အတွက် တစ်ညတာအိပ်စက်ရခြင်းသည် ဤသို့ပင် ခက်ခဲပေ၏။ ယခုမှ မဟုတ်ရပါ။ သူ မှတ်မိလောက်သည့်အရွယ်ကတည်းက ဖြစ်သည်။ သူသည်အမြဲလိုလို ပြုံးရယ်နေတတ်သူမို့ သူ့ရဲ့သူငယ်ချင်းများနှင့် သူ့မိသားစုသည် သူ့အား ခပ်ပေါ့ပေါ့နှင့် ပျော်ပျော်နေတတ်သူဟု ယူဆကြသည်။

လက်တွေ့တွင်တော့ မဟုတ်ရပါ။ သူဟာ အင်မတန်အတွေးများသူဖြစ်ပြီး စိုးရိမ်စိတ်အားလုံးကို ‌ဖော်မပြတတ်သူသာဖြစ်ပါ၏။ သူတို့မိသားစုသည် စီးပွားရေးမပြေလည်ကြောင်း သူကောင်းကောင်းသိပြီး ထိုနွံထဲမှ မိသားစုကို ဆွဲထုတ်ဖို့ သူတတ်နိုင်သလောက်ကြိုးစားချင်သည်။ သို့သော် သူ့အား မည်သူကမျှ မယုံကြည်ခဲ့ကြသည့်အပြင် သူကိုယ်တိုင်ကပါ ငါကဘာမှမလုပ်နိုင်ဘူး ဆိုသည့် အတွေးသည် သံမှိုရိုက်သလို သူ့ဦးနှောက်ထဲ၌ စွဲမြဲနေပြီးဖြစ်ပါ၏။

ထိုသို့ လမ်းပျောက်နေသည့် သူ့ဘဝထဲသို့ "Daou Pittaya" ဆိုသည့် လူတစ်ယောက် ရောဝင်လာခဲ့ပြီးနောက်တွင်တော့ သူ့အတွေးများရော၊ ယူဆချက်အများစုကို ထိုလူက ပြင်ဆင်ပေးခဲ့ပေ၏။ ထိုသူသည် နံပါတ်(၁)ဖြစ်ပြီး လူတိုင်းတောင်မသိ‌လောက်အောင် နာမည်မရှိသည့် သူ့ကို ဝန်ထုပ်ဝန်ပိုးဟု သဘောမထားဘဲ ယုံယုံကြည်ကြည်ဖြင့် ရွေးချယ်ခဲ့ပေ၏။

The way to you (Daou × Offroad){Uni+Zaw}Where stories live. Discover now