Episode (14)

407 54 12
                                    

အချိန်ကုန်ဆုံးမှုသည် အလွန်မြန်သည်ဟု Diamond ထင်မိသည်။ သို့သော် P'Daou နှင့် P'Offroad တို့ တစ်တီတူးနေသည်ကို ထိုင်ကြည့်နေရသည့်အချိန်မျိုးတွင်တော့ နည်းနည်းကြာပါသည်။ နှစ်ယောက်လုံးသည် အလွန်ကြိုးစားကြသူများဖြစ်သော်လည်း တစ်ခါတစ်ရံတွင် P'Daou သည် P'Offroad ကို အလွန်တွန်းအားပေးသလိုခံစားရသည်။ P'Daou သည် P'Offroad ကို အတော်လေး မျှော်လင့်ချက်ထားပုံရပြီး P'Offroad ကလဲ P'Daou ဦးဆောင်သည့်နောက်သို့ တသွေမတိမ်း လိုက်နာပေ၏။ မည်သို့ပင်ဆိုစေကာမူ သိပ်တော်လွန်းသည့် P'Daou ကို အမှီလိုက်ဖို့ဆိုသည်က အနည်းငယ်တော့ ပင်ပန်းလိမ့်မည်။ ထို့ကြောင့် မနက်စောစောကနေ နေ့လည် 2နာရီထိ ဆက်တိုက်လေ့ကျင့်ပြီး နောက်တွင်တော့ P'Offroad ဆီမှ အသံထွက်လာပေ၏။

"P'Ouuu....~~~"

အဆောင်တွင် သူတို့နှစ်ယောက်မည်သို့နေကြသနည်း Diamond သေချာမသိပါ။ သို့သော် ယခုကဲ့သို့ သံရှည်စွဲကာ ခေါ်သည့်အသံမျိုးသည် သူနှင့်သော်လည်းကောင်း၊ တခြားသူများနှင့်အတူရှိချိန်သော်လည်းကောင်း အင်မတန်ကြားရခဲပါ၏။ ဤသို့ ချွဲပစ်နေသည့်အသံထွက်လာပြီးသည်နှင့် P'Daou ၏ "အွန်းးး...! ဘာလို့လဲ Nong ..." ဆိုသည့် ပျားရည်အိုးဖိတ်ကျထားသည့်အသံနှင့် ထူးသံက တစ်ဆက်ထဲပါလာပေ၏။

Diamond - "....!!?"

သူတို့အချင်းချင်းတော့ ဘာမှမထူးဆန်းကြသော်ငြား Diamond မှာ နားရွက်ပေါ်က အမွှေးနုတွေပါထောင်ကုန်သလို ခံစားလိုက်ရပေ၏။

ဘေးမှာ ကျွန်တော်ရှိသေးတယ်ဗျ...!!

လို့လဲ ထုတ်ပြောရမှာ အားနာရသေးသည်။

"P'Ou...ကျွန်တော်တို့ လေ့ကျင့်တာ ၆နာရီလောက်ရှိပြီ...ကျွန်တော် နည်းနည်းလောက် တိုးတက်လာတာမျိုး မတွေ့ရဘူးလားဟင်!"

တကယ်တော့ Offroad က တိုးတက်မှု မြန်ဆန်သည်၊ သင်လွယ်တတ်လွယ်ဟု ပြောရမည်။ Daouက နည်းနည်းလောက်တွန်းအားပေးလိုက်သည်နှင့် တွန်းအားပေးသလောက်ကို လျှင်လျှင်မြန်မြန်တတ်လွယ်ပေ၏။ Daouကလဲ ဤတစ်ခေါက်ပြီးလျှင် နားမည်ဟု စဉ်းစားထားပြီးသား ဖြစ်ပါသည်။ သို့သော် Offroad က ရုတ်တရက် Daouကို နောက်ဘက်မှသိုင်းဖက်ကာ ပြောလာသည်။

The way to you (Daou × Offroad){Uni+Zaw}Where stories live. Discover now