Episode (13)

432 59 16
                                    

Daou ရေချိုးပြီးချိန်တွင် Offroad သည် အပြင်သွားရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ တီရှပ်အပြာနုလေးပေါ်၌ အဖြူရောင်ရှပ်လက်ကျတိုလေး ထပ်ဝတ်ထားပြီး ရိုးရှင်းသော နက်ပြာရောင်ဂျင်းဘောင်းဘီတိုလေးသည် လှပဖြူအုနေသော သူ၏ခြေထောက်လေးတို့ကို ပို၍ပေါ်လွင်နေစေသလို။ ထိုမြင်ကွင်းသည် အတော်ကလေးလှပသော်ငြား Daouမှာ ထိုကလေး၏ ခြေထောက်လေးနှစ်ဖက်ကို အနှီးဖြင့် ပြေးထုပ်ထားပေးချင်လှ၏။ သို့သော် သူ့တွင်ထိုသို့လုပ်ရန် အကြောင်းပြချက်ခိုင်လုံစွာမရှိသေး။ ခက်၏။ ဒီအတိုင်းပဲ "ငါတော့ မင်းကိုကြိုက်တယ်ဟေ့" လို့ ပြေးနမ်းလိုက်ရင်လည်း လူယုတ်မာဆန်ဦးမည်။ သူ့ကိုမြင်တော့ ရယ်ပြလာပြီး လခြမ်းကွေးလေးမှောက်ထားသလို ကွေးကာပိတ်သွားသည့် မျက်လုံးလေးများသည် ဂျယ်မပါဘဲ သဘာဝအတိုင်းဝဲကျနေသည့် ဆံပင်လေးများဖြင့် ဖုံးအုပ်ခံထားရပေ၏။ Daou က သူ့ရဲ့အသားမာတက်နေသည့်လက်တစ်ဖက်တည်းဖြင့် အိဖတ်နေသည့် Offroad ၏ ပါးနှစ်ဖက်ကို ဆွဲညှစ်လိုက်ကာ ...

"ဒီညနေ နည်းနည်းအေးနေတယ်...!"

Offroad က သူ့ကို မျက်လုံးအဝိုင်းသားနှင့် ကြည့်လာသည်။

"P'Ou အပြင်သွားဖို့ အဆင်မပြေဘူးလား...?!"

ငါဆိုလိုချင်တာ အဲ့တာဟုတ်မနေဘူးဟ!

"မဟုတ်ဘူး သွားမှာလေ..."

Offroad က တွေကနဲ တစ်ချက်မျှစဉ်းစားကာ မေးလာပြန်သည်။

"P'Ou... မဟုတ်မှ..."

Daou - "...?!"

Offroad က မျက်တောင်လေးနှစ်ချက်ကာ စကားဆက်သည်။

"အပေါ်ဝတ်အင်္ကျီတွေ မလျှော်ရသေးလို့လား...?!"

Daouမှာ ရယ်ရမလို၊ ငိုရမလို...!
**အေး ငါ့မိန်းမ မင်းမှ အဝတ်တွေလျှော်မပေးတာကိုးကွ..!!**

"မင်း ဘောင်းဘီတိုလေးနဲ့ အေးမှာစိုးလို့...!"

"ဪ... ရပါတယ် Phi...! အရမ်းလဲမချမ်းပါဘူး..."

Daouမှာ လွယ်လွယ်နဲ့တော့ လက်မလျှော့ချင်သေးပေ။

"ငါ ဆိုင်ကယ်နဲ့သွားမှာနော်...! မင်းခြေထောက်က လမ်းလျှောက်ဖို့ သိပ်မဖြစ်သေးဘူးဆိုတော့...!"

The way to you (Daou × Offroad){Uni+Zaw}Where stories live. Discover now