Episode (7)

502 51 12
                                    

Daou အချိန်အတန်ကြာအောင် တွေဝေနေမိသည်။ Offroad က ကျောင်းသားတစ်ယောက်ပဲလေ...ဘယ်မှာသာ အပိုဝင်ငွေရှိမှာလဲ။ သူကတော့ သူကိုယ်တိုင်ပိုက်ဆံရှာတာမို့ တစ်ခုခုဆို သုံးစရာရှိရင် သုံပစ်ဖို့ လက်မတွန့်တတ်ပေ။

"ခုမှ လအစပဲရှိသေးတာ ကျွန်တော့်မုန့်ဖိုးက ကုန်နေပြီ Phii...!!"

Offroad ကြည့်ရသည်မှာ အမှန်ပင် စိတ်ညစ်နေဟန်ရှိသည်မို့ Daouက ထိုကလေးရဲ့ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ...

"ဟေး...! Phi ဝယ်ကျွေးမလို့ပါ...နော်...သွားစားရအောင်..."

Offroad က ခေါင်းမာမာဖြင့် ငြင်းနေပေ၏။

"ရပါတယ်...Phi...! ကျွန်တော့်ဘာသာ သုံးလို့ရပါတယ် အပိုမရှိရုံပါပဲ..."

ခေါင်းငုံ့ပြီး ညည်းညူပြနေသည့် ထိုကောင်လေးကို Daouကြည့်ရင်း အူယားလာသည်မလို့ ဒူးကိုအနည်းငယ်ကွေးလိုက်ကာ ငုံ့ထားသည့်မျက်နှာလေးနားသို့ အနီးကပ်ကြည့်လိုက်ပြီး ...

"Phiက အတူစားချင်လို့လေ... နော်...နော် ...နော်လို့ Nonggg....!!!"

နှာခမ်းတွေပါစူပြီး ခြေတွေပါစောင့်နေသည့် ထိုကလန့်ကလားအရပ်ကြီးနဲ့ အစ်ကိုကြီးသည် ဘာကြောင့်မှန်းမသိသော်လည်း Offroad အတွက်မူ Daou ၏ ထိုပုံစံသည် ရယ်စရာမကောင်းသည့်အပြင် အနည်ငယ်တောင် ချစ်စရာကောင်းသလိုလို...!!

ထို့ကြောင့် သူရယ်မိသွားကာ သူ့မျက်နှာနား ဇွတ်အတင်းကပ်ပြီး လိုက်ကြည့်နေသည့် Daouo၏ မျက်နှာကို တွန်းဖယ်ရင်း ပြောလိုက်သည်။

"အို... P'Ou ကျွန်တော် ညနေစာစားပြီးနေပြီဗျ...!!"

"ဘာလို့ Phiကို မစောင့်တာလဲ...?!"

Offroad - "ဗျာ...!"

အမြဲတမ်းလဲ သူ့ဘာသာပဲစားနေကျလေ...!!
ဘယ်တုန်းက သူ့ကိုစောင့်စားဖူးလို့ အထူးအဆန်းတွေ မေးနေတာလဲ..?!

Daou က ကြောင်တောင်တောင်လုပ်နေသည့် သူ့ကို ထပ်မေးပြန်သည်။

"Phiကို ဘာလို့မစောင့်တာလဲလို့...?!"

"ပုံမှန်လဲ ကျွန်တော် ည၆နာရီမတိုင်ခင် ညနေစာစားတာပဲလေ Phi...!"

The way to you (Daou × Offroad){Uni+Zaw}Where stories live. Discover now