Episode (10)

472 59 14
                                    

Offroad ရေချိုးပြီးထွက်လာတော့ Daou က တစ်ယောက်ယောက်နဲ့ ဖုန်းပြောပြီး ဖုန်းချလိုက်ကြောင်း တွေ့ရသည်။ သူ့ခြေသံကိုကြားတော့ လှည့်ကြည့်လာကာ ရယ်ပြလာသည်။

"Phi ကွေ့သီယိုမှာထားတယ် ဒီည အဆောင်မှာပဲစားရအောင်...Phi ရေသွားချိုးလိုက်ဦးမယ်နော်..."

"P'Ou... ကျွန်တော့်ဖို့ပါမှာလိုက်တာလား...?!"

"အွန်း...မကြိုက်ဘူးလား ...? ဟိုနေ့ကတော့ Road ကွေ့သီယိုစားနေတာ အရသာရှိတဲ့ပုံပေါ်လို့ Phi က မှာလိုက်တာ...ဪ ... Roadကြိုက်အောင် လုံးဝစပ်စပ်လေးမှာထားပေးတယ်..."

Offroad က ခေါင်းခါပြလိုက်ပြီး သူ့ရဲ့ရေစိုကာ ပုံမသွင်းရသေးသည့် ဆံပင်တိုလေးတွေဆီမှ ရေစက်ကလေးများ တွဲလွဲခိုနေပြီး အတော်ကလေး အသည်းယားစရာကောင်းပေ၏။

"မဟုတ်ပါဘူး Phii...! ကျွန်တော့ဘာသာပိုက်ဆံရှင်းမှာတော့ လက်ခံနော်...!"

ဟုတ်သည်။ သူတို့ အပြင်မှာ ထမင်းအတူသွားစားလျှင်လဲ Daou ကချည်း ပိုက်ဆံရှင်းသည်။ ယခု အဆောင်မှာစားမည်ဆိုပြန်တော့လဲ Daou ကပဲ မှာပြီး သူပဲရှင်းမည်ဆိုလျှင် Offroadအနေနှင့် နောက်တစ်ကြိမ် Daou နှင့် ထမင်းအတူစားလို့ ဝင်တော့မည် မထင်တော့ချေ။ သူ့တောင်းဆိုချက်ကို Daou က သူ့ကိုကြည့်လျှက် တစ်ခုခုကိုစဉ်းစားနေဟန်ရှိပြီး ခဏကြာမှ သက်ပြင်းတစ်ချက်ချကာ လက်ခံလာပေ၏။

"ကောင်းပြီ...!"

Daou က နေရာမှ ထကာ Offroad အနားသို့ တစ်လှမ်းချင်းလျှောက်လာတော့မှ Offroad မှာ သူ့ကိုယ်ပေါ်တွင် တဘတ်တစ်ထည်သာပတ်ထားကြောင်း သတိဝင်လာပြီးသော် အသက်ရှူရပ်သွားရပေ၏။ သို့သော် Daou မှာ သူထင်ထားသည်ထက် ပို၍ အင်မတန်ရိုးသားဖြူစင်သော ဘန်ကောက်သားလေးပင်ဖြစ်ပါသည်။

Daouက သူ့လက်ကိုဖြည်းဖြည်းချင်းမြှောက်လိုက်ကာ Offroad ၏ နှုတ်ခမ်းနားသို့ နီးကပ်လာပေ၏။ Offroad မှာ တံတွေးမြိုမချမိစေရန် အင်မတန်ထိန်းယူလိုက်ရပြီးမှ Daou ၏ လက်သည် သူ့နှုတ်ခမ်းကို ကျော်ကာ အပေါ်သို့တဖြည်းဖြည်းတက်သွားပြီးသော် နဖူးရှေ့၌ ရပ်တန့်သွားပေ၏။

ထို့နောက်...

"ဒေါက်...!"

Offroad နဖူးပေါ်သို့ကျရာက်လာသည့် အချိုအဆစ်ကျနလှသော လက်ချောင်းလေးသည် လှပမှုနှင့်မလိုက်အောင် အနည်းငယ်နာပေ၏။ Offroad မှာ သူအဘယ်ကြောင့်နဖူးတောက်ခံလိုက်ရမှန်း ဇဝေဇဝါဖြစ်နေတုန်းမှာပင် Daou ကပြောလာပေ၏။

The way to you (Daou × Offroad){Uni+Zaw}Where stories live. Discover now