"လာ... Phi သယ်ပေးမယ်...!"
"ဒါကြီး လေးမှာ ပေး Phiပဲ နေရာရွှေ့လိုက်မယ်..."
"နေဦး...Phi ကူမပေးမယ်...!"
"Nong... လက်ထိမယ် ဒီကိုပေး ..."
"Nong Nong...! ဒါကို ဒီမှာချရင်အဆင်ပြေလောက်လား...?! နေ နေ Phi ကိုယ့်ဘာသာလုပ်လိုက်မယ်..."
နောက်ဆုံးတော့ Offroad မနေနိုင်တော့ပေ။ Daouက သူ့ကိုပါတနာအနေဖြင့်ရွေးချယ်ပြီးနောက် သူတို့နှစ်ယောက် အခန်းအတူသုံးရန် အကြောင်းဖန်လာခဲ့ပြီဖြစ်သည်။ Offroadရဲ့ သိပ်မများလှသော ပစ္စည်းကိုပင် သူ့မှာ ကူညီလို့မဆုံးနိုင်အောင် ပြာယာခပ်နေပေ၏။ အခန်းထဲရောက်တာ ၁၀မိနစ်မပြည့်သေးသော်လည်း ထိုလူမှာ ခုံနှင့်ဝင်တိုက်လိုက်၊ နံရံနှင့်ပြေးတိုးလိုက်၊ ဘာမှမရှိသည့် ကြမ်းပြင်ပေါ်မှာ ကိုယ့်ခြေထောက်ကို ခလုတ်တိုက်လိုက်နှင့် မရေမတွက်နိုင်အာင် ခလုတ်တိုက်ပြီးနေပြီဖြစ်သော်ငြား Offroadကို သူက တပြန်ကြီး ခြေထောက်မိမယ်၊ လက်ထိမယ်နှင့် သတိပေးနေသေးသည်။ Offroad မှာ သက်ပြင်းသာချမိရင်း ဆိုလိုက်သည်။
"အို...Phi... ကျွန်တော်တို့ အတူလုပ်မယ်လေနော်...ဒီတိုင်းတောင်မှ Phi အပေါ်အကြွေးတင်သလိုခံစားနေရပြီကို ..."
သူက ထိုသို့ပြောသည့်အခါမှာတော့ လက်ထဲက ဘယ်နေရာချရမှန်းကော ဘာအထုပ်မှန်းရောမသိသေးသည့်အထုပ်ကို ကြုံရာနေရာချလိုက်ကာ သူ့အနားရောက်လာပေ၏။ ထို့နောက် Offroad ကို ထိတော့မလိုလို၊ ကိုင်တော့မလိုလို ယွစိယွစိလုပ်ပြီးမှ ဘာမှမထိမကိုင်တော့ဘဲ သူ့ကိုသာ ခပ်သာသာစိုက်ကြည့်ရင်း ပြောလာသည်။
"Road...အဲ့လိုမတွေးပါနဲ့...! ဒါတွေအကုန် Phi ရဲ့ ဆန္ဒအတိုင်းလုပ်နေရုံပါပဲ နော်... နားလည်တယ်မလား Nong..."
Offroad ပြုံးလိုက်မိပေ၏။ Daou သည် သူ့ကို စတွေ့တုန်းက မင်းငါ ဖြင့် စကားပြောခဲ့ပြီး နောက်တော့ သူ့ကိုယ်သူ Phi ဟုသုံးသော်လည်း Offroad ကိုတော့ Road, Offroad ဟု ခေါ်နေခဲ့တာ ဖြစ်သော်လည်း ယနေ့ကျမှ Nong ဆိုသည့် အသုံးအနှုန်းကိုသုံးလာပြီး Nong ဟုခေါ်လိုက် Roadလို့ သုံးလိုက်နှင့် တိုင်ပတ်နေပြန်သည်။ သို့သော် ၎င်းက အရေးမပါလှပါ။ Offroad က Daou ကို ပြုံးပြလိုက်ရင်း ခေါင်းကိုအနည်းငယ်လွှဲကာ ပြောလိုက်သည်။
YOU ARE READING
The way to you (Daou × Offroad){Uni+Zaw}
FanficDaouoffroad ရဲ့ character အတိုင်းလေးကို စိတ်ကူးယဉ်ပုံစံလေးပြောင်းပြီး ဖန်တီးထားပါတယ်ရှင့်...🩷