Episode (12)

464 56 20
                                    

Daouဟာ သိပ်ဝောာ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူက သူ့ကိုယ်သူ တိုးတက်အောင်ကြိုးစားသလို သူများကိုလဲကူညီတတ်သည့်သူမျိုး ဖြစ်သည်။ Offroad နှင့် Diamond ကို သူကဦးဆောင်ပြီး လေ့ကျင့်ပေးသည့်အပြင် ဆက်ဆံရေးလည်း အလွန်ကောင်းကာ နွေးထွေး၏။ သို့သော် သူတို့အကလေ့ကျင့်နေရင်း Offroad ခြေထောက်နည်းနည်းထိသွားသည်မို့ Diamond ကကူညီရန် ကြံရုံရှိသေး Daou က Offroad ကို ဆွေ့ကနဲ ကောက်ချီလိုက်လိမ့်မည်ဟုတော့ သူမထင်ထားပါပေ။ ပွေ့ချီတာမျိုးမဟုတ်ဘဲ ၅နှစ်သားကလေးကဲ့သို့ ဂျိုင်းကဆွဲမလိုက်ခြင်းဖြစ်ပါ၏။ ပို၍ ထူးဆန်းသည်က ထိုအပြုအမူကို ဘေးကမြင်ရသည့် Diamond ကသာ "ဟမ်! ဘာလား?!" ဆိုတာမျိုးဖြစ်သွားသော်လည်း ဆွဲမခံလိုက်ရသည့် Offroad က ချွဲတဲ့အသံကြီးနဲ့ "P'Ou" ဆိုပြီး Daouအပေါ်သို့ ဖက်တက်သွားခြင်းကို မြင်လိုက်ရမည်ဟု လုံးဝကို မထင်ထားတာဖြစ်ပါသည်။ Daou က ထိုကလန့်ကလား ကလေးကြီးကို ချီလျှက်...

"Nong...Nong... နာသွားတာလား ? ခုံမှာခဏစောင့်နော် Phi ဆေးလိမ်းပေးမယ်...!" ဆိုပြီး ချီသွားကာ ခုံပေါ်၌ထိုင်ခိုင်းပေ၏။

Diamond - "....!?!!?!!"

Diamond မှာ ရုတ်တရက်ကြီး ဒီနေရာ၌ သူရှိမနေသင့်ဟု ခံစားလာရသော်လည်း Offroad ခြေထောက်ကတော့ တကယ်ကြီးထိသွားတာကြောင့် ဤတိုင်းတော့ သူမနေနိုင်တာ မထူးဆန်းပါ။

"P'Daou...Phi ... P'Offroadကို ဂရုစိုက်လိုက်ပါ... ကျွန်တော် ဆေးသွားယူခဲ့ပေးမယ်..."

Daou - " ဒီလိုဆို အကူညီတောင်းပါတယ် Nong Diamond..."

Offroad က ပြုံးလျှက် "ကျေးဇူးတင်ပါတယ် Nong..."

Diamond က ရယ်ပြလိုက်ကာ အခန်းထဲမှ ထွက်လာလိုက်ပေ၏။ သူကတော့ သေချာပေါက် ထွက်လာခွင့်ရလို့ ကျေးဇူးတင်မိပါသည်။ ထိုအခန်းထဲနေရတာ အနည်းငယ် ကသိကအောက်ခံစားရသောကြောင့် ဖြစ်နိုင်သည်။ သို့သော် ၎င်းသည် သူ့အား ကြာကြာစိတ်သက်သာရာမပေးနိုင်ပါ။ ဆေးယူပြီး ပြန်ရောက်ချိန်မှာ ထိုင်ခုံပေါ်ထိုင်နေသည့်သူကို ထိုင်ခုံအောက်ကလူက ခါးဖက်ကာ ခေါင်းကိုမော့၍ လိုက်နမ်းနေပြီး ထိုင်ခုံပေါ်က သူကရှောင်တော့ရှောင်နေပေမယ့် ရှောင်နေတာနဲ့တော့ သိပ်မတူသလိုလို...!?

The way to you (Daou × Offroad){Uni+Zaw}Where stories live. Discover now