သူတို့ သုံးယောက်ရဲ့ အတူတူလေ့ကျင့်ရတဲ့နေ့ရက်တွေဟာ လျှင်လျှင်မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့ပြီးသော် ပြိုင်ပွဲနေ့သို့ ရောက်လာခဲ့ပြီဖြစ်သည်။ Daou, Offroad နှင့် Diamond တို့အဖွဲ့သည် ပထမဆုံးဖျော်ဖြေရမည်ဖြစ်ပြီး Offroad မှာ အတော်လေး စိတ်လှုပ်ရှားနေဟန်ရှိပေ၏။ stage စင်၏ နောက်တွင် ပြိုင်ပွဲဝင်အားလုံးလဲ ရောက်ရှိနေပြီဖြစ်ပြီး သူတို့အားလုံးသည် ပြိုင်ပွဲဝင်သာဖြစ်သော်လည်း star material အလွန်ဆန်ကာ တောက်ပနေကြသည်ဟု Offroad ထင်မိသည့်အခါ အနည်းငယ် စိုးရိမ်မိပါ၏။ သူသည် အကောင်းဆုံးကြိုးစားနေသည့်တိုင် ပြိုင်ပွဲဝင်အားလုံးသည်လည်း သူ့ထက်မလျော့အောင် ကြိုးစားနေကြသူများပင်ဖြစ်ပါ၏။ ပြိုင်ပွဲတစ်ခုတွင် ရှေ့ဆုံးမှထွက်၍ ဖျော်ဖြေရသူတိုင်းသည် အခွင့်အရေးနည်းတတ်သည်ကား သဘာဝပင်။ ပထမဆုံးယှဉ်ပြိုင်သူသည် အစမ်းသပ်ခံသဘောဖြစ်တတ်ပြီး ရှေ့လူကိုကြည့်ခြင်းအားဖြင့် နောက်လူသည် အမှားပြင်ဆင်ချိန်ရနိုင်သလို ရှေ့လူ၏ အရည်အချင်းသည် မည်သည့်အတိုင်းအတာထိရှိကြောင်းခန့်မှန်းနိုင်ပြီး ပိုအားထုတ်ကာ ကြိုးစား၍ရနိုင်သည်။ ပရိတ်သတ်များသည် ရှေ့လူမည်မျှပင်ကောင်းပါစေ နောက်လူတော်နေလျှင် နောက်လူ၏ ဖျော်ဖြေမှုကို ရင်ထဲပို၍ အမှတ်ရလွယ်နိုင်ပေ၏။ ထို့ကြောင့် Offroad စိုးရိမ်သည်မှာ မဖြစ်သင့်သည်တော့မဟုတ်ရပါ။
"မင်းချွေးတွေထွက်နေတာပဲ ...!"
သူ့လက်ထဲရောက်လာသော တစ်ရှူးစလေးတစ်ရွက်။ သူမော့ကြည့်မိတော့ သူ့ကိုပြုံးပြကာ သူ့အဖွဲ့ဆီ ပြန်ပြေးသွားသည့် ကောင်လေးတစ်ယောက်။ ထိုကောင်လေးကို Offroad သိပါသည်။ လူရွေးပွဲနေ့တုန်းက ထိုကောင်လေး၏ အရည်အချင်းသည်လည်း ရယ်စရာမဟုတ်ခဲ့ပါ။ #7 ဖြင့် အရွေးခံခဲ့ရသည့်သူ ဖြစ်ပါသည်။ သူ့နာမည်က Geler ဆိုလား...??!!
"ဘာဖြစ်တာလဲ...?!"
သူ့နောက်က ထွက်လာသည့် အသံကြောင့် Offroad မှာ ဆတ်ကနဲ လန့်သွားမိပြီး လှည့်ကြည့်သည့်အခါ ခါးထောက်ပြီး P'Geler ကို လှမ်းကြည့်နေသည့် Daouကို တွေ့ရပေ၏။
သန့်စင်ခန်းဝင်ဦးမယ်ဆိုပြီး ထွက်သွားပြီး ပြန်ရောက်လာခြင်းဖြစ်သည်။ သိပ်ကို အလိုက်အထိုက်သိလွန်းသည့် Diamond က Daou၏ အမေးကို ဝင်ဖြေပေးလာပေ၏။
YOU ARE READING
The way to you (Daou × Offroad){Uni+Zaw}
FanfictionDaouoffroad ရဲ့ character အတိုင်းလေးကို စိတ်ကူးယဉ်ပုံစံလေးပြောင်းပြီး ဖန်တီးထားပါတယ်ရှင့်...🩷