Episode (5)

424 46 8
                                    

သူ အသက်ကိုပြင်းပြင်းရှူထုတ်လိုက်သည့်တိုင်အောင် လေးလံသည့်ခံစားချက်သည်ကား လျော့မသွားခဲ့ပါပေ။ ကုမ္ပဏီနောက်ရှိ လူသူသိပ်မရှိသော ‌နေရာလေးတွင် ခုံတန်းလျားလေးတစ်ခုရှိပြီး ထိုနေရာတွင် သူငြိမ်သက်စွာ ထိုင်နေမိသည်။ အရာရာသည် တိတ်ဆိတ်ကာငြိမ်သက်နေသည့်တိုင် သူ့ရင်ထဲတွင်တော့ ပူလောင်ကာ ဗြောင်းဆန်လို့နေပေ၏။

"P'Ou..."

ခပ်စွာစွာအသံလေးနှင့်အတူ သူမော့ကြည့်မိတော့ နဖူးစပ်နှင့် နားသယ်စပ်များတွင် ချွေးက်လေးများတွဲလွဲခိုနေသည့် Offroad က ရဲနေသော နှုတ်ခမ်းနှစ်လွှာကိုဖွင့်ကာ အသက်ရှူနေပြီး သူ့ကိုရှာရင်း မောသွားပုံရသည်မို့ Daou အားနာမိသွားသည်။

"မင်း Phiကို ရှာနေတာလား...?! တောင်းပန်ပါတယ် Phi အသိမပေးဘဲ ထွက်လာမိတာ..."

Offroad က လက်ကာပြလိုက်ကာ ကိစ္စမရှိကြောင်း ပြလိုက်သည်။

ထို့နောက် Daou၏အရှ့သို့ ဖြေးဖြေးချင်းကပ်သွားလိုက်သည့်အခါ အနားကပ်လာသည့်သူ့ကို Daouက ထိုင်လျှက်ပင် မော့ကြည့်လာပြီး Offroad အနေနှင့် Daouကို ဤသို့နှယ် ပင်ပန်းပြီး စိုးရိမ်ဟန်အပြည့်ရှိသည့်မျက်နှာကို ပထမဆုံးမြင်ဖူးခြင်းဖြစ်ပါသည်။

"Phi...Phi Top 5 ထဲ ဝင်ဖို့ခက်မှာ စိုးရိမ်နေတာလား...?!"

Daou က မျက်လွှာချလိုက်ရင်း ခေါင်းငြိမ့်မိသည်။ ယနေ့ပြိုင်ပွဲနေ့မှ မထင်မှတ်ထားသည့် တရုတ်၊ကိုရီးယားနှင့် ဂျပန် မှ ပြိုင်ပွဲဝင် (၃၀)ဦး ထပ်တိုး လာပြီး ထို(၃၀)ယောက်လုံးမှာလဲ အပြစ်ပြောစရာမရှိအောင် တော်ကြသည်မို့ Daou စိုးရိမ်သည်မှာ မထူးဆန်းပါပေ။

"အို... P'Ou...Phiသိလား...? ဒီနေ့ Phi အရမ်းတော်တာ..."

Daou - "..."

Daouက Offroad ကိုသာ မော့ကြည့်နေပြီး ဘာစကားမှမဆို။ Offroad က ပြုံးလိုက်ကာ လက်ဆန့်ပေးလိုက်သည်။

"လာပါဦး..."

Daouမှာ အစကနဦးတွင်တော့ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားရသည့်တိုင် သူ၎င်းကိုမငြင်းဆိုနိုင်ပါပေ။ သူအသာလေး ရှေ့သို့တိုးကာ Offroad ၏ ခါးကိုဖက်ပြီး မျက်ဝန်းများကိုမှိတ်လျှက် ငြိမ်သက်နေမိသည်။ သူမှီခိုရာ ဤရင်ခွင်ငယ်လေးသည် အမှန်ပင် သူ့အား စိတ်သက်သာရာရစေ၏။

The way to you (Daou × Offroad){Uni+Zaw}Where stories live. Discover now