Episode (3)

390 47 0
                                    

မိုးအကုန် ဆောင်းအကူး ကာလမို့ မချမ်းလှသော်ငြား ညလေအေးသည် သူတို့အတွက် အပေါ်ဝတ်ခပ်ပါးပါးတစ်ထည်တော့ ပါသင့်ပေ၏။ အပေါ်ထပ်ရှပ်အနက်ရောင်လေးကို ရိုးရိုးရှင်းရှင်း ထပ်ဝတ်လာသည့် Offroad ကို Daou မြင်တော့ မနေနိုင်စွာ ပြောမိသည်က ...

"ချစ်ဖို့ကောင်းတယ်..."

အဖြူရောင်တီရှပ်ပေါ်မှာ အနက်ရောင်ရှပ်လက်ရှည်နှင့် လေ့ကျင့်ခန်းမှထွပ်လာသည့်အတိုင်း ခဲပုတ်ရောင် ဘောင်းဘီတိုကို ဖြစ်သလိုဝတ်ထားသည့် သူ့ကို ဘာကထူးဆန်းလို့ ချစ်စရာကောင်းသည်ဟု ချီးကျူးသနည်း Offroad နားမလည်ပါ။ ထို့ကြောင့် အသံတိတ် ပြုံးပြလိုက်ခြင်းဖြင့်သာ တုံ့ပြန်မိပေ၏။ Daou က လက်ကိုဆန့်ထုတ်ကာ ခေါ်သည်။

"လာ...သွားကြမယ်...!"

Offroad အမှန်ပင် ကြောင်အနေမိပြီး Daou ၏ လက်ကိုသာ ငေးကြည့်နေမိသည်။ ဒီတိုင်း ညစာထွက်စားရုံလေးကို လက်တွေဘာတွေ ကိုင်ဖို့ထိ လိုလို့လား...?!

မဟုတ်မှ ဒါက ပုံမှန်ပဲလား...?! သူကပဲ ပုံမှန်မဟုတ်သလို ထင်နေတာလား...?!

"Road...Road...! Offroad...!?"

"ဗျာ...ဗျာ...ခင်ဗျာ...! ဘာလို့လဲ P'Ou "

Daouက လက်ပြန်ရုတ်လိုက်ကာ သက်ပြင်းချလျှက်ဆိုသည်။

"Phi လက်က ဘာဖြစ်နေလို့လဲ...?! Roadက အဲ့လောက်ကြီး ကြည့်နေတော့ ဘာများဖြစ်လို့လဲလို့လေ..."

Offroad က လက်ကာပြလိုက်ကာ ဆိုသည်။

"မဟုတ်၊ မဟုတ်ပါဘူး P'Ou... ! ကျွန်တော့်အထင် Phi အပေါ်ထပ်မဝတ်ဘူးလားဗျ... နည်းနည်းအေးတယ်လေ...အစ်ကို့လက်တွေ ရဲနေတာကြောင့်..."

Daou က ပြုံးလိုက်ပြီး ထိုအချိန်ဖြတ်တိုက်သွားသည့် လေပြည်ထဲတွင် Offroad သူရဲ့အသက်ကို ကြိုးစားကာဆွဲထားလိုက်ရပေ၏။ ဝန်ခံပါသည်။ Daou ပြုံးသည့်အခါ သိပ်ကိုကြည့်ကောင်းလွန်းပေ၏။

"ကိစ္စမရှိဘူး...ဒီထက် ညဉ့်မနက်ခင် သွားရအောင်လေ..."

"ဟုတ်ကဲ့ဗျ..."

Daouက သူ့လက်ကို ထပ်မံကမ်းမလာတော့ပေ။ ထို့ကြောင့် သူတို့မနီးလွန်း မဝေးလွန်းသည့်အနေအထားဖြင့် အဆောင်၏ခပ်လှမ်းလှမ်းရှိ လမ်းဘေးစားသောက်ဆိုင်လေးနစ်ခုသို့ အေးအေးဆေးဆေး လမ်းလျှောက်ဖြစ်ခဲ့ကြသည်။

The way to you (Daou × Offroad){Uni+Zaw}Where stories live. Discover now