Intro

18.1K 275 18
                                    

married life လေး အရမ်းရေးချင်နေတာဘယ်လိုပုံဖော်ရမလဲတွေးရင်းက ဒွိလိင်လေးပုံဖော်ဖြစ်သွားတယ်ပေါ့နော်။

ဒွိလိင်ဆိုတာ ဘာလဲ?

Breeze သိသလောက်ပြန်မျှဝေပါ့မယ်။

ဒွိလိင်ဆိုတာ ကျားအင်္ဂါရော၊ မအင်္ဂါရော နှစ်မျိုးလုံးပါတဲ့နာမ်ပေါ့နော်။ ဒွိလိင်မှာမှ အမျိုးအစားပေါင်း ၄၀ကျော်လောက်ရှိတယ်လို့ဆိုကြပါတယ်။ တစ်ချို့က မွေးမွေးချင်းသိတယ်၊ တစ်ချို့ကအရွယ်ရောက်လာပြီးမှသိကြတယ်၊ တစ်ချို့က သေဆုံးတဲ့အချိန်မှသိကြတဲ့သူတွေတောင်ရှိတယ်လို့ ဆိုပါတယ်။ တစ်ချို့တွေကတော့ အရွယ်ရောက်လာပြီး ဖွံ့ဖြိုးတဲ့လိင်အင်္ဂါပေါ်မူတည်ပြီး ကျား၊မ ဖြစ်တည်မှုကိုရွေးချယ်သွားတဲ့သူတွေလည်းရှိကြပါတယ်။

ဒွိလိင်မှာမှ တစ်ချို့က ခန္ဓာကိုယ်ပြင်ပမှာ ကျား၊မ အင်္ဂါနှစ်ခုစလုံးပါကြတာမျိူးလည်းရှိသလို တစ်ချို့က ကျားအင်္ဂါပဲပါပြီး ခန္ဓာကိုယ်အတွင်းမှာသားအိမ်လိုမျိုး မတည်ဆောက်ပုံဖြစ်နေတာမျိုးလည်းရှိကြတယ်လို့ဆိုပါတယ်။  တစ်ချို့ကျ မိန်းကလေးလိုမျိူး မအင်္ဂါနဲ့မွေးဖွားပြီး ခန္ဓာကိုယ်အတွင်းမှာ ကျားဖွဲ့စည်းပုံနဲ့ဖြစ်‌လာတာမျိုးလည်းရှိပါတယ်တဲ့။

ဆိုတော့ ဒွိလိင်ဆိုတာ ရောဂါတစ်မျိုးလား?

လုံး၀မဟုတ်ပါဘူးပါဘူးနော် ဒွိလိင်ဆိုတာ ရှားပါးဖြစ်စဉ်ဖြစ်တဲ့ သာမာန်လူပါပဲ။

ဘာကြောင့် ဒွိလိင်ဖြစ်တာလဲ?

ဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းအရင်းအတိအကျတော့မရှိဘူး။ သန္ဓေသားဖွံ့ဖြိုးစဉ်မှာ  ဆေးဝါးတွေကပါတဲ့ ဟော်မုန်းတွေ၊ မျိုးရိုးဗီဇအပြောင်းအလဲဖြစ်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်တဲ့။ လူ၁၀၀ မှာ ၂ယောက်ဖြစ်နိုင်ခြေရှိတယ်လို့ဆိုကြပါတယ်။

ဒွိလိင်က ကိုယ်၀န်ဆောင်နိုင်လား?

ဒွိလိင်တိုင်းတော့ ကိုယ်၀န်မဆောင်နိုင်ပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံပေါ်မူတည်ပြီး ကိုယ်၀န်ရနိုင်မရနိုင်ကွဲသွားမှာပေါ့နော်။ မိန်းကလေးတွေလို ခန္ဓာကိုယ်အတွင်းပိုင်းမှာ သားအိမ်ပါလာတာမျိုးဆို ကိုယ်၀န်ရနိုင်ခြေရှိသလို ဟော်မုန်းဖွဲ့စည်းပုံပေါ်မူတည်ပြီးကိုယ်၀န်မဆောင်နိုင်တဲ့သူတွေလည်းရှိကြပါတယ်။ နောက်ပြီး ယောင်္ကျားလေးအဖြစ်နဲ့ရပ်တည်တဲ့သူမျိုးဆိုရင် သူ့မှာ သုတ်ရည် sperm ထုတ်ပေးနိုင်တဲ့ penis testes ပါတယ်ဆိုရင်ကလေးယူလို့ရနိုင်ခြေရှိပါတယ်။ မပါရင်တော့ကလေးမရနိုင်ဘူးပေါ့နော်။

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now