"နှိုင်းဟေမာန်!! နင့်အရွယ်ကရည်းစားထားလို့ ဆူငေါက်နေရမဲ့အရွယ်လည်း မဟုတ်တော့ဘူး၊ ငါမေးတာဖြေစမ်းပါ နင့်မှာကြိုက်စရာယောက်ျား
အဲ့လောက်ရှားလား ဟမ်!"
"ကိုကြီးကလည်း ကိုဓနက ဘာဖြစ်နေလို့လဲ"
"အေး! နင့်ထက် အဲ့ကောင်အကြောင်းကို ငါကပိုသိတယ်... အဲ့ကောင်က တောက်! ငါကွာ ပြောရင်လည်း မှိုချိုးမျှစ်ချိုးပြောတယ်ရှိအုံးမယ် "
သင်္ခမျက်နှာက ဒေါသကြောင့် ခက်ထန်နေပြီး ဧည့်ခန်းမှာ ဟိုလျှောက်လိုက်ဒီလျှောက်လိုက်ဖြင့် ညီမဖြစ်သူကို ဆူငါက်နေတာဖြစ်သည်။ ဒီနေ့မနက်ခင်း ကလေးတွေကျောင်းပို့ပြီးအပြန် ၀ယ်စရာရှိလို့ shopping mall ၀င်ခါမှ သူငယ်ချင်းအရင်းဖြစ်သူနဲ့ ညီမဖြစ်သူက လက်ချင်းချိတ်ပြီး ပျော်မြူးနေကြတာ သူ့ကိုတောင်မမြင်။ လူမြင်ကွင်းမှာ အရှက်မကွဲချင်လို့ အိမ်ပြန်ရောက်သည်ထိ ဒေါသကိုမြိုသိပ်လာရတာ။ အိမ်ရောက်တော့လည်း ဆရာမက တော်တော်နဲ့ပြန်မလာ။ နေ့လည်နှစ်နှာရီလောက်မှ အိမ်ကိုပြန်ရောက်လာသည်တဲ့လေ။
"နင့်ကိုရည်းစားထားတာအပြစ်ပြောနေတာမဟုတ်ဘူး ၊ ဒါပေမဲ့ ဘာလို့အဲ့ကောင်လဲ ဟမ် "
"ဒါကတော့ သူ့ဟာသူချစ်သွားတဲ့ဥစ္စာကို"
ဟေမာန့်မျက်နှာက စူပုပ်ပုပ်လေးဖြစ်နေ၏။ အသက် 26နှစ်ရောက်နေပြီကို ရည်းစားထားလို့အဆူခံရတယ်တဲ့ ကြားလို့မှကောင်းကြသေးရဲ့လား။
လပြည့်လေးကလည်း ဘေးနားကနေ မောင်နှမနှစ်ယောက်ကြား ဘယ်လို၀င်ဖြန်ဖြေရမှန်းမသိတာကြောင့် ဗိုက်လေးကိုထိန်းကာထိန်းကာဖြင့် ဟိုလူ့နားသွားရမလို ဒီလူ့နားသွားရမလို ဗြာများနေလေသည်။ မေနှိုင်းရော ဖေကြီးရော ဆိုင်သွားကြတာမို့ လူကြီးမရှိတော့ ထိန်းမဲ့သူလည်းမရှိ။ ထိုစဉ် သင်္ခက ဟေမာန့်အရှေ့တည့်တည့်ပြန်ရောက်လာတာ ကြောင့် လပြည့်မှာ ဟေမာန့်အနား၀င်ကပ်ထိုင်လိုက်ရပြန်သည်။
"ပြောစမ်း နင်တို့တွဲတာ ဘယ်လောက်ကြာပြီလဲ"
"ဟို...ဟို...၈လပဲ ရှိပါသေးတယ်"
"ငါ့ကို မှန်မှန်ဖြေ နင်တို့ လွန်လွန်ကြူးကြူးဖြစ်ပြီးပြီလား"
YOU ARE READING
ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)
Любовные романыintersex (ဒွိလိင်) married life ❣️ သင်္ခနှိုင်းမာန်❤️လပြည့်ဦးသာ ရည်းစားမဖြစ်ပဲတန်းယူလိုက်ရတဲ့အတွဲလေးပါ
